သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အသက် ၇၀ တန်းရှိနေကြပြီဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ လက်ရှိအမေရိကန် သမ္မတ Donald Trump တို့ ၂ဦးဟာ တဦးအပေါ်တဦး စကားနဲ့ တိုက်ခိုက်ပြောဆို ခဲ့ကြပါတယ်၊၊

သမ္မတ Trump ရဲ့ TV show တခုမှာ သူဟာအမျိုးသမီးတွေကြား ရေပန်းစားတယ် လို့ကြွားဝါပြောဆိုတာကိုလည်း Joe Biden က ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလ က ရှုတ်ချပြောဆိုခဲ့ပါသေးတယ်၊၊

Hillary Clinton ကို ထောက်ခံအားပေးသူ Biden က သူနဲ့ Trump အထက်တန်းကျောင်းသာ အတူတူတက်ခဲ့မယ်ဆိုရင် Trump ကို အားကစားရုံအနောက်ဆွဲထုတ်ပြီး ရိုက်နှက်မိမှာအသေအချာပဲလို့ ပြောပါတယ်၊၊

အရူး Biden က သူ့ကိုယ်သူအားရှိတဲ့ လူတစ်ယောက်လို ပြုမူပြောဆိုနေတယ်၊၊ တကယ်တော့သူဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းချိနဲ့ နေသူသာဖြစ်တယ်လို့ သမ္မတ Trump က ကြာသာပတေးနေ့က သူ့ရဲ့ tweeter စာမျက်နှာမှာ တုန့်ပြန်ရေးသားခဲ့ပါတယ်၊၊

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ Biden ဟာ လာမယ့် ၂၀၂၀ မှာသမ္မတ ရွေးကောက်ပွဲ ၀င်နိုင်ချေရှိပြီး အသက် ၇၁ နှစ် အရွယ် သမ္မတ Trump ကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ပြောဆိုခဲ့ တာပါ။

ဒု-သမ္မတဟောင်း Joe Biden နဲ့ Donald Trump အပြန်အလှန် မခံချိမခံသာ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG