သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာပြန်နိုင်ရေး ကန်ဆီးနိတ်ကော်မီတီ တောင်းဆို


မြန်မာနိုင်ငံ ရခိုင်ဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာသူများ။
မြန်မာနိုင်ငံ ရခိုင်ဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာသူများ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုကို ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဘေးရန်ကင်းကင်း၊ ဂုဏ်သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် ရေရှည်နေနိုင်မယ့် အခြေအနေမျိုးနဲ့ နေရပ်ရင်းပြန်နိုင်အောင် တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မတ်လ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်မူကြမ်းကို John McCain နဲ့ Tim Kaine လို ထင်ရှားတဲ့ အထက်လွှတ်တော်အမတ်တွေက ကမကထပြု ရေးဆွဲ ပြီး ဇန်နဝါရီလမှာ တင်သွင်းထားတာဖြစ်ပြီးတော့ ပါတီနှစ်ရပ်စလုံးက အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံချက်နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အခုဆိုရင် အထက်လွှတ်တော်တရပ်လုံးမှာ မဲခွဲဆုံးဖြတ်ဖို့ ရောက်သွားပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ သိပ်ကိုဆိုးရွားလွန်းပြီး နောင်မျိုးဆက်ပေါင်းများစွာအထိ ကျနော်တို့ကို ခြောက်လှန့်နေမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို အချက်အလက် စူးစမ်း ရှာဖွေရေး လွှတ်တော်အဖွဲ့နဲ့အတူ သွားရောက်ခဲ့သူ အထက်လွှတ်တော်အမနတ် Jeff Merkley ကပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် အစီအစဉ်တကျကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အသိတရားရှိတဲ့ လူတွေအားလုံးကို ထိတ်လန့်တုန်လှုပ်စေတယ်လို့ အထက်လွှတ်တော်၊ လက်နက်ကိုင်တပ်ဖွဲ့များရေးရာကော်မတီဥက္ကဌ၊ အထက်လွှတ်တော်ဥက္ကဌ John McCain ကလည်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG