သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာသံဟောင်း John Bolton ကို ကန်အမျိုးသားလုံခြုံရေးအကြံပေးခန့်

အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တဲ့ကုလဆိုင်ရာသံဟောင်း John Bolton
အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တဲ့ကုလဆိုင်ရာသံဟောင်း John Bolton

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အဖြစ် H. R. McMaster နေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း John Bolton ကို အစားထိုး ခန့်ထားမယ်လို့ ကြာသပတေးနေ့ ညနေပိုင်း မှာ ကြေညာလိုက်ပါတယ်။

“အလုပ်တာဝန်တခုကို အကောင်းဆုံး ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး H. R. McMaster ရဲ့ တာဝန်ထမ်းရွက်မှုကို ကျနော် သိပ် ကျေးဇူးတင်ပါတယ်။ သူဟာ ကျနော့်ရဲ့မိတ်ဆွေအဖြစ် ထာဝရရှိသွားပါမယ်” လို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ သမ္မတထရမ့်ပ် က Twitter မှာရေးပါတယ်။

မစ္စတာ Bolton ဟာ လက်ရှိမှာ Fox ရုပ်သံသတင်းဌာနရဲ့ သုံးသပ်သူအဖြစ် လုပ်ကိုင်နေပါတယ်။ သူဟာ သဘောထားတင်းမာ တဲ့ ကွန်ဆာဗေးတစ်ဝါဒီတဦးအဖြစ် ထင်ရှားပြီး အီရန်နဲ့ မြောက်ကိုရီးယားတို့ကို စစ်ရေးအရလုပ်ဆောင်ဖို့ ထောက်ခံသလို ရုရှားနဲ့ ပတ်သက်လို့ တင်းမာတဲ့သဘောထား ကိုင်စွဲခဲ့သူလည်းဖြစ်ပါတယ်။

ကုလဆိုင်ရာသံဟောင်း John Bolton ကို ကန်အမျိုးသားလုံခြုံရေးအကြံပေးခန့်
please wait

No media source currently available

0:00 0:00:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG