သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဝါဒခြေမှုန်းရေးနဲ့ လူ့အခွင့်အရေး ဝိရောဓိ


ကွန်ဂိုနိုင်ငံမှ ဒုက္ခသည်များကို ကုလဝန်ထမ်းတဦး စစ်ဆေးစဉ်။ မတ် ၁၉၊ ၂၀၁၈။
ကွန်ဂိုနိုင်ငံမှ ဒုက္ခသည်များကို ကုလဝန်ထမ်းတဦး စစ်ဆေးစဉ်။ မတ် ၁၉၊ ၂၀၁၈။

ကမ္ဘာပေါ်က အစိုးရတွေဟာ လူ့အခွင့်အရေးအတွက်လှုပ်ရှားနေသူတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းကလှုပ်ရှားတက်ကြွသူတွေကို ခြေမှုန်းဖို့ အကြမ်းဖက်ဝါဒဆိုတာကို အကြောင်းပြပြီး အမျိုးသားလုံခြုံရေးဥပဒေနဲ့ ခြိမ်းချောက်နေကြတယ်လို့ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က သတိပေးသွားပါတယ်။

ဝါရှင်တန်မြို့တော်က မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ကြာသပတေးနေ့က ကုလအထူးကိုယ်စားလှယ် Fionnuala Ní Aoláin က အဲဒီလို ပြောဆိုသွားတာပါ။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေ၊ လူထုအခြေပြုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ ကို အနှောင့်အယှက်ပေးတာ၊ ဖိနှိပ်တာ၊ ထိန်းသိမ်းတာနဲ့ သတ်ဖြတ်မှု ကျူးလွန်တာတွေကို နိုင်ငံတော်လုံခြုံရေးအတွက် အကြောင်းပြပြီး တရားဝင် လုပ်ကိုင်တာမျိုး လက်မခံနိုင်ဘူးလို့လည်း ကုလ အထူးကိုယ်စားလှယ် Ní Aoláin ကဆက်ပြောပါတယ်။

အစိုးရက ပြုလုပ်တဲ့အကြမ်းဖက်မှုတန်ပြန်ခြေမှုန်းရေး လုပ်ဆောင်ချက်တွေဟာ လွတ်လပ်ခွင့်ကို နည်းပါးစေပြီး လူ့အခွင့်အရေး ချိုးဖောက်ဖို့ အားပေးရာရောက်တဲ့အတွက် အစိုးရရဲ့လုပ်ရပ်က အစွန်းရောက်ဝါဒကို တွန်းအားပေးရာရောက်သလို နိုင်ငံရေးအရ အကြမ်းဖက်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ Ní Aoláin ကသတိပေးသွားပါတယ်။

အကြမ်းဖက်မှုတန်ပြန်ခြေမှုန်းရေးကို ကမ္ဘာ့နိုင်ငံအချို့က အစိုးရအဖွဲ့တွေ တလွဲအသုံးပြုနေတာကို စိုးရိမ်ကြောင်း လူ့အခွင့်အရေး အရာရှိတွေပြောဆိုလာတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ ၂၀၁၇ လေ့လာမှုတခုအရ အာဖရိကန်အစိုးရတွေရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ရပ်တွေကြောင့် အကြမ်းဖက်အုပ်စုတွေထံ ကူးပြောင်းသွားကြတဲ့ လူအရေအတွက် တိုးလာတာကို တွေ့ခဲ့ရပါတယ်။

အကြမ်းဖက်ဝါဒခြေမှုန်းရေးနဲ့ လူ့အခွင့်အရေး ဝိရောဓိ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

ကွန်ဂိုနိုင်ငံမှ ဒုက္ခသည်များကို ကုလဝန်ထမ်းတဦး စစ်ဆေးစဉ်။ မတ် ၁၉၊ ၂၀၁၈။
ကွန်ဂိုနိုင်ငံမှ ဒုက္ခသည်များကို ကုလဝန်ထမ်းတဦး စစ်ဆေးစဉ်။ မတ် ၁၉၊ ၂၀၁၈။

XS
SM
MD
LG