သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un တရုတ်နိုင်ငံသွားကြောင်း သတင်းတွေ ထွက်ပေါ်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ တရုတ်နိုင်ငံဆီကို ကြေညာထားခြင်းမရှိဘဲသွားခဲ့တယ်လို့ အမည်မဖော်တဲ့ သတင်းဇစ်မြစ် ၃ ခုကို ကိုးကားပြီး Bloomberg News က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Kim Jong Un တရုတ်နိုင်ငံသွားတယ်ဆိုတာကို တရုတ်သတင်းမီဒီယာမှာရော မြောက်ကိုရီးယားသတင်းမီဒီယာမှာပါ ဖော်ပြခြင်းမရှိသလို Bloomberg သတင်းထဲမှာလည်း တရားဝင်ထုတ်ပြန်ချက်တွေ မပါဝင်ပါဘူး။

တကယ်လို့သာ Kim Jong Un သွားခဲ့တာမှန်ရင် ၂၀၁၁ ခုနှစ်မှာ သူအာဏာရလာပြီးနောက် ပထမဆုံး သူ့ရဲ့ နိုင်ငံခြားခရီးဖြစ်ပါလိမ့်မယ်။ Kim နဲ့ အမေရိကန်သမ္မတ Donald Trump တို့တွေ့ဆုံကြဖို့ရှိနေချိန်မှာ ထူးခြားတဲ့ သံတမန်ရေးဆောင်ရွက်မှုလို့လည်း မြင်နိုင်ပါတယ်။ Kim ရဲ့ဖခင် Kim Jong Il အသုံးပြုခဲ့တဲ့ ရှေးဟောင်းရထားပုံစံနဲ့ ဆင်တူ အစိမ်းရောင်ရထားတစင်း ဘေဂျင်းဘူတာရုံမှာ ရပ်ထားတဲ့ ပုံတွေကို ဂျပန်ရုပ်သံသတင်းမှာ ပြသခဲ့ပါတယ်။

မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်တွေ တရုတ်နိုင်ငံကိုလာရင်တည်းခိုတဲ့ Diaoyutai အစိုးရဧည့်ဂေဟာမှာ ယာဉ်တန်းတခုကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုတာမြင်ရတယ်လို့ ဘေဂျင်းမြို့မှာရှိတဲ့ သတင်းထောက်တွေကလည်း ပြောကြပါတယ်။ ဘေဂျင်းမြို့က အဓိက Changan လမ်းမကြီး တယောက်မှာလည်း လုံခြုံရေးတွေ အထူအထပ်ချထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ Tiananmen ရင်ပြင်မှာလည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ မလာနိုင်အောင် ရဲတွေက ရှင်းလင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG