သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေအောက်ကပစ်လွှတ်နိုင်တဲ့ ခရုစ် ဒုံးကျည် ပါကစ္စတန် စမ်းသပ်အောင်မြင်


FILE - Pakistan's Babur Hatf VII cruise missile takes off during a test flight from an undisclosed location, July 26, 2007.
FILE - Pakistan's Babur Hatf VII cruise missile takes off during a test flight from an undisclosed location, July 26, 2007.

ပါကစ္စတနိုင်ငံက နျူကလီးယားထိပ်ဖူးတပ်နိုင်ပြီး ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ခရုဇ်ဒုံးကျည် နောက်တစင်းကို အောင်အောင်မြင်မြင် ပစ်လွှတ် စမ်းသပ်လိုက်ပြီး အဲဒီဒုံးကျည်ဟာ မိုင် ၂၈၀ အကွာအဝေးထိ ရောက်နိုင်တယ်လို့ ကြာသပတေး နေ့မှာ ကြေညာပါတယ်။

ပါကစ္စတန်ပြည်တွင်းမှာ ထုတ်လုပ်တဲ့ Babur ဒုံးကျည်ကို ရေအောက်ကနေ ပစ်လွှတ်ခဲ့ပြီး ဒုံးကျည်ဟာ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက်ရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ဒုံးကျည်ဟာ ထိပ်ဖူးမျိုးစုံကို တပ်ဆင်နိုင်စွမ်းရှိပြီး နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ခံရပြီဆိုရင် ပါကစ္စတန်က နျူကလီးယား လက်နက်နဲ့ တုန့်ပြန် တိုက်ခိုက်ဖို့ စိတ်ချယုံကြည်ရတဲ့ စွမ်းရည်ကို ရမှာဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံက ဖော်ဆောင်နေတဲ့ ရန်လိုတဲ့ နျူကလီးယားမဟာဗျူဟာတွေနဲ့ ရပ်တည်ချက်တွေကို တုန့်ပြန်တဲ့အနေနဲ့ Babur ဒုံးကျည်ကို တီထွင်ထုတ်လုပ်တာဖြစ်တယ်လို့ ပါကစ္စတန်စစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ် Asif Ghafoor က အိန္ဒိယနိုင်ငံကို ရည်ညွှန်း ပြီး ပြောပါတယ်။ ဒုံးကျည်စမ်းသပ်တာကို ရိုက်ယူထားတဲ့ ဗွီဒီယိုတချို့ကိုလည်း သူက ထုတ်ပြန်ပေးပါတယ်။

ပါကစ္စတန်က သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေဟာ အိန္ဒိယကိုပဲ ရည်ရွယ်တာဖြစ်ပြီး စစ်အင်အားပိုကြီးမားတဲ့ အိမ်နီးချင်းနိုင်ငံကြီးက နောက်ထပ် တိုက်ခိုက်လာမယ့်အန္တရာယ်ကို တားဆီးဖို့ဖြစ်တယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG