သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်အနီး ကားမီးလောင် မြန်မာ ၂၀ ကျော်သေဆုံး


မြန်မာအလုပ်သမား တွေစီးလာတဲ့ကားမီးလောင် (AAC)
မြန်မာအလုပ်သမား တွေစီးလာတဲ့ကားမီးလောင် (AAC)

ထိုင်းနိုင်ငံတွင်းကို နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ စတားပိုင်အိုနီးယားကုမ္ပဏီကပို့ဆောင်ခဲ့တဲ့ မြန်မာအလုပ်သမား တွေစီးလာတဲ့မှန်လုံ ၂ထပ်ကား မတ်လ ၃၀ရက်မနက် မှာ မီးလောင်တဲ့အတွက်လူ ၂၀ထက်သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကအတည်ပြုပြောကြားပါတယ်။ ဒဏ်ရာပြင်ထန်းသူ ၃ဦးကတော့ Phitsanulokနဲ့ မဲဆောက်ဆေးရုံကြီးမှာ ကုသမူခံယူနေရပြီး နစ်နာကြေးတွေရရှိအောင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ် ။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ပထုံဌာနမြို့နယ်ထဲက အမွေးပွအရုပ်တွေ ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်ဖို့အတွက်လာကြတဲ့မြန်မာနိုင်ငံသား ၄၇ ဦးလိုက်ပါလာတဲ့ ၂ထပ်မှန်လုံကားဟာတာခရိုင်အတွင်းမှာပဲ မီးလောင်မူဖြစ်ပြီး မြန်မာအလုပ်သမား ၂၀သေဆုံးခဲ့ရတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကပြောပါတယ်။

"၂၀ပေါ့ဗျာပျောက်တာပေါ့ လူတွေက ဘယ်သူနဲ့ ဘယ်သူဆိုတာခွဲမရတော့ဘူး ကားပေါ်တက်သွားတဲ့လူတွေ စာရင်းကျန်တဲ့သူ စာရင်းအရပေါ့။ ကျန်တဲ့သူတွေနဲ့ ခွဲထားလိုက်တော့ ၂၀လောက်ရှိတယ်။ အမျိုးသမီးက ၁၈ယောက် အမျိုးသားက ၂ယောက်"

ဒီအလုပ်သမားအများစုဟာ ပဲခူးတိုင်းကျောက်တံခါးမြို့နယ်က အများစုပါဝင်ပြီးအမျိုးသမီးတွေအများစုဖြစ်ကြပါတယ်။ သူတို့ကို မြန်မာဘက်ကကုမ္ပဏီဖြစ်တဲ့ စတားပိုင်အိုနီးယာကုမ္ပဏီကပို့ခဲ့တာလို့ ဆိုပါတယ်။

"အရုပ်စက်ရုံပေါ့ အမွေးပွအရုပ်စက်ရုံကို သွားဖို့အတွက် ဒီဘက်က စတားပိုင်အိုနီးယားအေ၈ျင်စီ ကုမ္ပဏီကပေါ့ "

သေဆုံးသူတွေအတွက်ရော ကားပေါ်ကလိုက်ပါလာသူအားလုံးအတွက် နစ်နာကြေးရအောင်ဆောင်ရွက်ပေးသွားမယ်လို့လည်း အလုပ်သမားသံ အရာရှိက ဆိုပါတယ်။

"ထိုင်းနိုင်ငံဘက်ကလည်းအကုန်လုပ်ပေးမယ် ကျနော်ဒီဘက်က ရသင့်ရထိုက်တာတွေရဖို့အတွက် ဆက်လက်ဆောင်ရွက်မှာပါ"

လောလောဆည်မှာတော့ ဒဏ်ရာပြင်းထန်သူ ၃ယောက်ကိုမဲဆောက်နဲ့ Phitsanulokဆေးရုံမှာကုသမူလုပ်ပေးနေတယ်လို့ ပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG