သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက်အလုပ်သမားများ မတ် ၃၁ရက်ည ၁၂ နာရီ နောက်ဆုံးစာရင်းသွင်းရမည်


ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားတွေ၊ သူတို့ကို အလုပ်ခန့်မယ့် အလုပ်ရှင်တွေအနေနဲ့ မတ်လ ၃၁ရက်နေ့ ည၁၂နာရီနောက်ဆုံးထားပြီး အွန်လိုင်းကနေ စားရင်းပေးသွင်းဖို့ အတွက် ထိုင်းအလုပ်သမားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သက်တမ်းတိုးတဲ့ အလုပ်သမား တသန်းကျော်ထဲက အခုချိန်မှာစာရင်းတင်သွင်းဖို့ အလုပ်သမား တသိန်းကျော်လောက်ကျန်နေသေးတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြနေပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်ရှင်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်အပ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မတ်လ ၃၁ရက်နေ့ ည၁၂နာရီ နောက်ဆုံးထားပြီး အွန်လိုင်းကနေ စာရင်းပေးသွင်းနိုင်ဖို့ထိုင်းအလုပ်သမားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဒီအစီစဉ်အတိုင်းဆောင်ရွက်ဖို့ အတွက်ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကလည်း ပြောပါတယ်။

“ကျနော်တို ဖြေလျော့တဲ့လုပ်ငန်းစဉ်ပေါ့။ ခုလောလောဆယ်လက်ရှိအခြေအနေမှာ အွန်လိုင်းကနေလုပ်လို့ရအောင်လို့ သူတို့ဘက်က ချက်ချင်းလုပ်ပေးထားတာရှိတယ်လေ။ အဲတာမျိုးလေးတွေနဲ့ကိုယ့်ဘက်က ဝင်အောင်ပေါ့။ ကိုယ့်ဘက်က ဘယ်ကိုမှသွားစရာမလိုဘူး။ ကိုယ့်ရဲစက်ရုံသို့မဟုတ်အလုပ်ရုံကနေ တယ်လီဖုန်းသုံးတဲ့နေရာမှာ အဲဒီဝက်ဆိုဒ်ကိုဝင်ကြည့်ပြီး ကိုယ့်ရဲနာမည် ဖြည့်မယ်၊ အလုပ်ရှင်နာမည်နဲ့ စက်ရုံအမည်ကိုဖြည့်မယ်။ ဖြည့်လိုက်တာနဲ့ နောက်ပိုင်း အိတ်စတန်းရှင်း(ရက်တိုး) သွားလို့ရတယ်”

ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့တိုက်တွန်းတာကတော့ အွန်လိုင်းကနေ စာရင်းပေးသွင်းဖို့အတွက် ပြီးခဲ့တဲ့ရက်ကပဲနှိုးဆော်ခဲ့တာပါ။ စာရင်းသွင်းဖို့ သက်တမ်းတိုးဖို့ လိုအပ်မဲ့ အလုပ်သမားတွေကတသန်း၄သိန်းလောက်ရှိနေတယ်လို့ လည်းဆိုပါတယ်။ ဒါပေမယ့် မတ်လ ၃၁ရက်နေ့ည အချိန်ထိတော့ အလုပ်သမားတွေအကုန်လုံးစာရင်းမသွင်းနိုင်ကြသေးပါဘူး။

လက်ရှိမှာတော့ အလုပ်သမားတသိန်းကျော်လောက် စာရင်းပေးသွင်းဖို့ ကျန်နေသေးတယ်လို့ ထိုင်းအာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြနေပါတယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေအရ မတ်လကုန်ကစတင်ပြီး တရားမဝင်အလုပ်သမားတွေကိုခန့်ထားတာတွေကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် အလုပ်သမားက ဒဏ်ငွေ ဘတ် ၅ထောင်ကနေ ၅သောင်းလောက်ထိ ပေးဆောင်ရနိုင်သလို အလုပ်ရှင်ကတော့ဘတ်ငွေ တသောင်းကနေ တသိန်းလောက်ထိ ဒဏ်ငွေဆောင်ရမှာဖြစ်တယ်လို့လည်း ထိုင်းဥပဒေမှာ ဖော်ပြထားပါတယ်။ အရင်တုန်းကတော့ ဒီထက်ကြီးလေးတဲ့ ဒဏ်ငွေတွေပေးဆောင်ခဲ့ရပေမယ့် မကြာသေးခင်လကမှ ပြစ်ဒဏ်တွေကို လျော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG