အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော်ရဲ့နေရာမှာ အရင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် တရားဝင် ရွေးချယ် တင်မြှောက်လိုက်ပါပြီ။ သမ္မတသစ် ဦးဝင်းမြင့်က သူ့ကိုယ်စွမ်းရှိသ၍ ပြည်သူ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားမယ့်အကြောင်းနဲ့ တိုင်းပြည်မှာ အပြောင်းအလဲတွေ မျက်ဝါးထင်ထင် မြင်ရအောင် ကြိုးပမ်းသွားမယ်လို့ သူ့ရဲ့ပထမဆုံး မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ သမ္မတသစ်အနေနဲ့ တိုင်းပြည်ကို ဘယ်လို ထူးထူးခြားခြား ဦးဆောင်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်နိုင်မလဲ ဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေ နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် တို့ ဦးဆောင်ပြီး ဆွေးနွေးထားပါတယ်။ မခင်ဖြူထွေးက စီစဉ်တင်ဆက်ထားပါတယ်။