သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလက်ထောက်အတွင်းရေးမှုးချုပ် မြန်မာပြည်သွားမည်


ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller
ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller

လူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ အရေးပေါ် အကူအညီပေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြီးအကဲ Ursula Mueller ဟာ ဧပြီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကုလသမဂ္ဂက မတ်လ ၃၁ ရက်၊ စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ကချင်နဲ့ရှမ်းပြည်နယ်တွေက ပဋိပက္ခတွေမှာ လူသားဘေးဒုက္ခ ရိုက်ခတ်မှုကို ကိုယ်တိုင်လေ့လာဖို့နဲ့ တုန့်ပြန်လုပ်ဆောင်ချက် ပိုပြီးကောင်းမွန်လာစေဖို့ အဓိက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေကနေတဆင့် နည်းလမ်းတွေရှာဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ခရီးစဉ်အတွင်း မစ္စ Mueller ဟာ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ တွေ့ဆုံဆွေးနွေးတာတွေ လုပ်မှာဖြစ်သလို သက်ဆိုင်ရာ ဒေသ တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူသားဘေးဒုက္ခအကျပ်အတည်းကို ကိုယ်တိုင်ခံစားရသူတွေ၊ အစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေ၊ လူသားစာနာမှုအကူအညီပေးရေး လက်တွဲလုပ်ဆောင်ဖက်တွေနဲ့ တွေ့ဆုံဖို့လည်းရှိပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အပြီးမှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာကျင်းပမယ့် အာဆီယံ-ကုလသမဂ္ဂ နှစ်ပတ်လည် ဒေသဆိုင်ရာအစည်းအဝေးကို တက်ရောက်ဖို့ ခရီးဆက်မှာဖြစ်ပြီး အင်ဒိုနီးရှားအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ လည်ဖြစ်ပါတယ်။

ကုလလက်ထောက်အတွင်းရေးမှုးချုပ် မြန်မာပြည်သွားမည်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG