သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အာကာသစခန်းဟောင်း ကမ္ဘာပေါ်ပြုတ်ကျမည်


Tiangong(Heavenly Palace)1 ကိုအောင်မြင်စွာလွတ်တင်ခဲ့စဉ်။ နိုဝင်ဘာ ၃၊ ၂၀၁၁။

ဆက်ပြီးသုံးမရတော့တဲ့ တရုတ်အာကာသစခန်းတခု ဒီသီတင်းပတ်ကုန်ပိုင်းမှာ ကမ္ဘာမြေဆီကို ပြန်ကျလာမယ့်အခြေအနေကို အာကာသသိပ္ပံပညာရှင်တွေ စောင့်ကြည့်နေကြပါတယ်။ ဒီအာကာသယာဉ်ဟာ ဆယ်နှစ်ကာလအတွင်း ကမ္ဘာ့လေထုထဲကို ပြန်ဝင်လာမယ့် အကြီးမားဆုံးသော လူလုပ်ပစ္စည်းတခုဖြစ်ပါတယ်။

Tiangong-1 အာကာသစခန်းဟာ တနင်္ဂနွေနေ့မှာ ကမ္ဘာမြေပေါ် ပြန်ကျလာဖွယ်ရှိတယ်လို့ ဥရော အာကာသအေဂျင်စီ၊ အာကာ သအပျက်အစီးများဆိုင်ရာရုံး အကြီးအကဲ Holger Krag ကပြောပါတယ်။

ကမ္ဘာပေါ်က ဘယ်နေရာကို အဲဒီအာကာသစခန်း ပြန်ကျလာမယ်ဆိုတာ ခုချိန်ထိ မသိသေးပေမဲ့ တကယ်တမ်း ကျလာတဲ့အခါ လူတွေ ထိခိုက်ဒဏ်ရာရမယ့် အလားအလာကတော့ သိပ်ကိုနည်းပါတယ်လို့ Krag က ဆိုပါတယ်။

တရုတ်ရဲ့ ပထမဆုံး အာကာသဓာတ်ခွဲခန်းဖြစ်တဲ့ Tiangong-1 ဒါမှမဟုတ် Heavenly Palace 1 ကို ၂၀၁၁ ခုနှစ်က လွှတ်တင်ခဲ့ တာပါ။ တခြား တရုတ်အာကာသယာဉ်တွေနဲ့ ချိတ်ဆက် ဆင်းသက်နိုင်စွမ်းကို စမ်းသပ်ဖို့နဲ့ ၂၀၂၃ ခုနှစ်အရောက်မှာ ပိုကြီးမားပြီး အမြဲတမ်းအသုံးပြုသွားမယ့် အာကာသစခန်းတခု တည်ဆောက်ရေး ဖြစ်နိုင်ခြေတွေကို စူးစမ်းလေ့လာဖို့ လွှတ်တင်ခဲ့တာပါ။

တရုတ် အာကာသယာဉ်မှူးတွေဟာ Shenzhou အာကာသယာဉ်နဲ့ အဲဒီ အာကာသစခန်းကို အကြိမ်များစွာ သွားရောက်ခဲ့ဖူးပါ တယ်။ ပထမစီစဉ်ထားတာက ကမ္ဘာပတ်လမ်းကြောင်းကနေ ထိန်းချုပ် ခွာထုတ်ပြီးတော့ ပစိဖိတ်သမုဒ္ဒရာထဲကိုကျအောင် လုပ်ဖို့ ပါ။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ တရုတ် အာကာသအေဂျင်စီက အာကာသစခန်းနဲ့ အဆက်အသွယ် ပြတ်သွားပြီလို့ ကြေညာခဲ့ပါတယ်။

တရုတ်အာကာသစခန်းဟောင်း ကမ္ဘာပေါ်ပြုတ်ကျမည်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG