သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ တပွဲလို


ပရီးမီးယားလိဂ်ပွဲ၊ မန်စီးတီးနှင့် အဲဗာတန်ပွဲ။ မတ်၃၁၊ ၂၀၁၈။
ပရီးမီးယားလိဂ်ပွဲ၊ မန်စီးတီးနှင့် အဲဗာတန်ပွဲ။ မတ်၃၁၊ ၂၀၁၈။

စနေနေ့က ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲ၊ မန်ချက်စတာ စီးတီးနဲ့ အဲဗာတန်တို့ပွဲမှာ မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲကို အနိုင်ရလိုက်တာကြောင့် မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ နိုင်ပွဲတပွဲပဲ လိုပါတော့တယ်။

နောက်သီတင်းပတ် စနေနေ့ကျရင် သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ Etihad အားကစားကွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကန်တဲ့ပွဲသာ အနိုင်ရမယ်ဆိုရင် အဲဒီနေ့မှာပဲ မန်စီးတီးအသင်းဟာ ချန်ပီယံဖလားကို ရတော့မှာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာလည်း စနေနေ့က ဆွမ်ဆီး စီးတီးနဲ့ ကန်တဲ့ပွဲမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။ ဒါပေမဲ့ လည်း ပွဲစဉ် ၃၁ ပွဲစီ ကန်ပြီးချိန်မှာ မန်စီးတီးအသင်းက ၂၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ ၈၄ မှတ်ရထားပြီး မန်ချက်အသင်းက ၂၁ ပွဲ နိုင်၊ ၅ ပွဲသရေ၊ ၅ ပွဲရှုံးနဲ့ ၆၈ မှတ်ပဲ ရထားတာကြောင့် မန်စီးတီးက ၁၆ မှတ်အကွာနဲ့ ဒုတိယနေရာက မန်ချက်အသင်းကို အပြတ်အသတ် ဖြတ်ထားနိုင်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်း ချန်ပီယံဖလားရမယ်ဆိုရင်တော့ ဒါဟာ သူတို့ နောက်ဆုံး ချန်ပီယံဖလားရခဲ့တဲ့ ၂၀၁၃-၁၄ ဘောလုံးရာသီကတည်းကဆိုရင် ပထမဆုံးအကြိမ် ချန်ပီယံ ပြန်ဖြစ်မယ့်သဘောပါပဲ။

ဒါ့အပြင် ဘောလုံးရာသီ ၇ ရာသီမှာ ၃ ကြိမ်မြောက် ချန်ပီယံဖလားကို အနိုင်ရတာလည်းဖြစ်ပါလိမ့်မယ်။

အမှတ်ပေးဇယားမှာ လီဗာပူးလ်အသင်းက ၃၂ ပွဲကစား၊ ၆၆ မှတ်နဲ့ နံပါတ် ၃၊ စပါးအသင်းက ပွဲ ၃၀ ကစား ၆၁ မှတ်နဲ့ နံပါတ် ၄၊ ချယ်လ်ဆီးအသင်းက ပွဲ ၃၀ ကစား ၅၆ မှတ်နဲ့ နံပါတ် ၅ နေရာမှာ အသီးသီးရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG