သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို ယာယီစခန်းတခုကို ပြောင်းဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်


ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမြင်ကွင်း။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမြင်ကွင်း။

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်မှာ တိုးတက်မှုတွေ မရှိသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပြောဆိုလိုက်ပြီး၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ယာယီစခန်းသစ်ကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာ အပါအဝင် ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့လည်း အခုအချိန်အထိ ထင်သာမြင်သာ တိုးတက်မှု မတွေ့ရတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Salil Shetty နဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာမှာ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၆ သိန်းခွဲကျော် ရှိကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

မကြာခင် မုတ်သုန်ရာသီနီးကပ်လာနေတာနဲ့အမျှ ဖြစ်သလို နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေ ဘေးအန္တရာယ် ကြုံရနိုင်ကြောင်းလည်း တာဝန်ရှိသူတွေ သတိပေးနေကြတာပါ။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကတော့ ဒုက္ခသည်တွေအတွက် ယာယီစခန်းသစ်အဖြစ် တောင်ပိုင်းကမ်းရိုးတန်းက Bhashan Char ကျွန်းမှာ စီစဉ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

လတ်တလော ကျွန်းပေါ်မှာ ဒုက္ခသည် ၅ သောင်းလောက်အတွက် ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောဆိုခဲ့ကြတာပါ။

မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့သီတင်းပတ်ထဲသွားဖို့ ရှိနေချိန်မှာပဲ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် တိုးတက်မှု မရှိသေးတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အားမလိုအားမရ သဘောထား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီကို ဦးဆောင်နေသူလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေး ကတော့ ရှေ့သီတင်းပတ် ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ရိုဟင်ဂျာတွေကို ယာယီစခန်းတခုကို ပြောင်းဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG