သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ကူညီရေး ASEAN ကို ကန်တိုက်တွန်း


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ ၃၁ ကြိမ်မြောက်၊ အမေရိကန်-အာဆီယံ ဆွေးနွေးပွဲ၊

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဆက်နေနေကြတဲ့ ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို အကာ အကွယ်ပေးရေးနဲ့ လုံလောက်တဲ့ လူသားစာနာမှုအကူအညီပေးရေး အာဆီယံအဖွဲ့အပါအဝင် သက်ဆိုင်ရာနိုင်ငံတွေ အားလုံးက လုပ်ဆောင်ကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ ၃၁ ကြိမ်မြောက်၊ အမေရိကန်-အာဆီယံ ဆွေးနွေးပွဲကို တက်ရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က သတင်းထောက်တွေနဲ့ တယ်လီဖုန်းကနေတဆင့်လုပ်တဲ့ ရှင်းလင်းပွဲအတွင်း အဲဒီလို တိုက်တွန်းသွားတာပါ။ အင်္ဂါနေ့ကလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ရိုဟင်ဂျာအကျပ်အတည်းကို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ Murphyu ကပြောပါတယ်။

လူသားစာနာမှုအကူအညီတွေ ပေးပို့တာမှာ ပိုပြီးတိုးတက်မှုရှိစေရေး၊ သိပ်ကို အကာအကွယ်မဲ့နေတဲ့ အထူးသဖြင့် ရိုဟင်ဂျာတွေ အတွက် ဘေးကင်းလုံခြုံတဲ့ ဝန်းကျင်တခု ဖန်တီးပေးရေး လုပ်ဆောင်ဖို့လိုတယ်ဆိုတာ ဆွေးနွေးပွဲမှာပါဝင်သူ အများစုက သဘော တူခဲ့ကြတယ်လို့ ဒုလက်ထောက်ဝန်ကြီး Murphy ကပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အကူအညီပေးဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျနော်တို့ ဆွေးနွေးပါတယ်၊ မြန်မာ နိုင်ငံမှာက ရှုပ်ထွေးတဲ့ ဝန်းကျင်အနေအထား ရှိနေတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံတာမျိုးတော့ သေချာပေါက်ရှိပါတယ် လို့လည်းဆိုပါတယ်။

ဒီပြဿနာဟာ ရှုပ်ထွေးပြီး ရေရှည်ဖြစ်လာတဲ့ပြဿနာဆိုတာ သိပ်မှန်ပါတယ်၊ မြန်မာနိုင်ငံက ရွေးကောက်ခံ အစိုးရဟာ ဒီ ပြဿနာကို အမွေဆက်ခံထားရတာဖြစ်ပြီး ဖြေရှင်းဖို့ ရုန်းကန်နေရပါတယ်လို့ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG