သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mexico နယ်စပ် ကန်အရံတပ် ၄ ထောင်ထိ စေလွှတ်မည်


U.S. Border Patrol officers
U.S. Border Patrol officers

အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ပြည်ထောင်စုကာကွယ်ရေးအရံတပ်ဖွဲ့ဝင် အရေအတွက် အကြမ်းအားဖြင့် ၂ ထောင်ကနေ ၄ ထောင် အထိစေလွှတ်မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့မှာပြောပါတယ်။ သမ္မတစီးတဲ့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို အဲဒီလိုပြောတာပါ။

သူ့အစိုးရအဖွဲ့ရဲ့ အဆိုအားဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့အရေအတွက် တိုးလာတာကို တားဆီးဖို့ နယ်စပ် တံတိုင်းဆောက်ပြီးတဲ့အထိ တပ်ဖွဲ့တွေကို အဲဒီမှာချထားမယ်လို့ သမ္မတထရမ့်ပ်က ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံရဲ့ အနောက်တောင်ပိုင်းနယ်စပ်တလျှောက် အမေရိကန်တပ်ဖွဲ့ဝင်တွေ ချထားမယ့် အသေးစိတ်အစီ အစဉ်ကို ဆက်ဆွေးနွေးနေုဆဲဖြစ်ပြီးတော့ ဒါဟာ နယ်စပ်တလျှောက်က ပြည်နယ်တခုချင်းစီရဲ့ လိုအပ်ချက်ပေါ်မှာ အများကြီး မူတည်တယ်လို့ သမ္မတ အိမ်ဖြူတော်ကရော ပန်တဂွန်စစ်ဌာနချုပ်ကပါ ပြောပါတယ်။

လိုအပ်သမျှအရေအတွက်ကို ပို့သွားမှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် ဒုတိယပြောခွင့်ရ Hogan Gidley က သတင်းထောက် တွေကိုပြောပါတယ်။ ဖက်ဒရယ်အစိုးရရဲ့ နံပါတ် ၁ တာဝန်က အမေရိကန်လူထုကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒါပေမဲ့လည်း တပ်ဖွဲ့ဝင်တွေ လုပ်ရမယ့်တာဝန်၊ ပြည်ထောင်စုကာကွယ်ရေး အရံတပ်ဖွဲ့တွေကို ပန်တဂွန်က လစာပေးမှာလား၊ ပြည်နယ်အစိုးရတွေက ပေးမှာလား စတဲ့ တကယ့်အခြေခံမေးခွန်းတွေကိုတောင်မှ အခုချိန်ထိ အဖြေမပေးသေးပါဘူး။

Mexico နယ်စပ် ကန်အရံတပ် ၄ ထောင်ထိ စေလွှတ်မည်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG