သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါလ်နိုင်ငံ ရေလမ်းထွက်ပေါက်ရရှိရေး အိန္ဒိယကူမည်


နီပေါလ်ဝန်ကြီးချုပ်Khadga Prasad Sharma Oli ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကြိုဆို ဧပြီ ၇၊ ၂၀၁၈။
နီပေါလ်ဝန်ကြီးချုပ်Khadga Prasad Sharma Oli ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကြိုဆို ဧပြီ ၇၊ ၂၀၁၈။

နီပေါလ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ လမ်းမကြီးနဲ့ နယ်စပ်ဖြတ် ရထားလမ်းတို့ကို အဆင့်မြှင့် ဖောက်လုပ်ပေးပြီး ကုန်းတွင်းပိတ် နီပေါလ်အတွက် ရေကြောင်းထွက်ပေါက်ရစေဖို့ ကုန်းတွင်းရေလမ်းတွေ ဖော်ထုတ် တည်ဆောက်ပေးမယ်လို့ အိန္ဒိယနိုင်ငံက စနေ နေ့မှာ ကတိပြုလိုက်ပါတယ်။

မကြာသေးခင်က နီပေါလ်ဝန်ကြီးချုပ်ဖြစ်လာတဲ့ Khadga Prasad Oli ရဲ့ သုံးရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း အခုလို ကတိပြု လိုက်တာပါ။

စိုက်ပျိုးရေးကဏ္ဍနဲ့ပတ်သက်လို့လည်း အော်ဂဲနစ်စိုက်ပျိုးရေး၊ မြေလွှာစမ်းသပ်တာနဲ့ စိုက်ပျိုးရေးပညာပေး လုပ်ငန်းတွေကနေ တဆင့် နီပေါလ်ကို အိန္ဒိယက အကူအညီပေးသွားမယ်လို့ ဝန်ကြီးချုပ် Narendra Modi ကပြောပါတယ်။

နီပေါလ်နိုင်ငံ၊ Kathmandu မြို့တော်နဲ့ အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ပေးမယ့် ရထားလမ်းအသစ်ကို နှစ်နိုင်ငံ ပူးတွဲဆောက်လုပ် ချင်ကြတယ်လို့လည်း ဝန်ကြီးချုပ် Modi ကပြောပါတယ်။

နီပေါလ်နိုင်ငံထက် အများကြီး ပိုပြီးတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ခိုင်မာ အားကောင်းတဲ့ ယုံကြည်မှုကို တည်ဆောက်သွားဖို့ နီပေါလ်ဝန်ကြီးချုပ်က ကတိပြုပါတယ်။

ဝန်ကြီးချုပ် Oli ဟာ ကွန်မြူနစ်ပါတီတွေပါဝင်တဲ့ နီပေါလ်အစိုးရကို ဦးဆောင်နေတာကြောင့် တရုတ်ဘက် ပိုယိမ်းသွားမယ့် အလားအလာက အိန္ဒိယရဲ့ အဓိကစိုးရိမ်ချက်ပါ။ ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံက နီပေါလ်နိုင်ငံကို နယ်စပ်ချင်းထိတွေ့တဲ့ နေရာသုံး ခုနဲ့ ဝန်းရံထားသလို ရေနံနဲ့ တခြားကုန်ပစ္စည်းတွေကို တင်ပို့နေတာလည်းဖြစ်ပါတယ်။

နီပေါလ်နိုင်ငံ ရေလမ်းထွက်ပေါက်ရရှိရေး အိန္ဒိယကူမည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG