သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဂျာမဏီလူအုပ်ထဲ ကားဝင်တိုက်မှု အကြောင်းရင်းမသိရသေး


Muenster မြို့တိုက်ခိုက်ခံရသည့်နေရာအနီးကို ရဲတို့စောင့်ကြပ်နေစဉ်။ ဧပြီ ၇၊ ၂၀၁၈။

ဂျာမနီနိုင်ငံအနောက်မြောက်ပိုင်း Muenster မြို့ရဲ့ ၁၉ ရာစု မြို့ဟောင်းဘက်ခြမ်းမှာ စနေနေ့က လူအုပ်ထဲကို ကားတစီးနဲ့ ဝင် တိုက်တာကြောင့် လူ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ သုံးယောက်မြောက် သေဆုံးသူကတော့ ယာဉ်မောင်းကိုယ်တိုင်ဖြစ်ပြီး ကားထဲမှာတင် ကိုယ့်ကိုယ်ကိုပစ်ပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ကားထဲကနေ နောက်ထပ်လူနှစ်ယောက် ထွက်ပြေးသွားဖွယ်ရှိတယ်ဆိုတဲ့ မျက်မြင်ပြောဆိုချက်တွေကို စုံစမ်းစစ်ဆေးသူတွေ ဆန်းစစ်နေတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရ Andreas Bode ကပြောပါတယ်။ ကားထဲမှာတွေ့ရတဲ့ မင်္သကာဖွယ်ရာ အရာတခုကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ ပြောခွင့်ရကပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ခြောက်ယောက်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီဖြစ်ရပ်သတင်းဟာ သိပ်ကိုဆိုးရွားတဲ့ သတင်းပါပဲလို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ရဲ့ ပြောခွင့်ရအမျိုးသမီးက ပြောပါ တယ်။ “Muenster က ဆိုးရွားလွန်းတဲ့ဖြစ်ရပ်တွေကြောင့် အထူးပဲ တုန်လှုပ်မိပါတယ်” လို့ ဝန်ကြီးချုပ် မာကဲလ်က ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။

ဘာလင်မြို့တော်မှာ လွန်ခဲ့တဲ့နှစ်နှစ်က ခရစ္စမတ်စ်ရာသီ ဈေးတခုကို ထရပ်ကားတစင်းနဲ့ ဝင်တိုက်ပြီး လူ ၁၂ ယောက် သေဆုံးခဲ့ ရပြီးတဲ့နောက် အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဂျာမနီမှာ အထူးသတိထားနေတာပါ။ အခုကားနဲ့တိုက်တဲ့ဖြစ်ရပ်ရဲ့ အကြောင်းရင်းကိုတော့ ဂျာမန်အစိုးရဘက်က တခုခုပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG