သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC က ဆားဗီယားဝန်ကြီးချုပ်ဟောင်းကို ထောင် ၁၀ နှစ်ပြစ်ဒဏ်ချ


ဆားဘီးယားဝန်ကြီးချုပ်ဟောင်း Vojislav Seselj
ဆားဘီးယားဝန်ကြီးချုပ်ဟောင်း Vojislav Seselj

ဆားဘီးယားဝန်ကြီးချုပ်ဟောင်း Vojislav Seselj ကို ICC နိုင်ငံတကာရာဇဝတ်မူခုံရုံးက စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့မှုနဲ့ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ The Hague (ခေါ်) ကုလသမဂ္ဂရဲ့ ဒီ စစ်ရာဇဝတ်မှုဆိုင်ရာခုံရုံးအနေနဲ့ အရင် ၂၀၁၆ ခုနှစ်တုံးက ဝန်ကြီးချုပ်ဟောင်း Seselj ကို ဒီပြစ်မှုနဲ့ပတ်သက်ပြီး အထောက်အထားမခိုင်လုံခဲ့လို့ ကင်းလွတ်ခွင့်ပေးထားခဲ့တာကို၊မနေ့ကပဲ ပယ်ဖျက်လိုက်ပြီးအခုလို အပြစ်ဒဏ် ချမှတ်လိုက်တာပါ။

အခု တခေါက်စစ်ဆေးမူထဲမှာတော့ ၁၉၉၂ ခုနှစ်တုံးက ဆာဘီးယား ဝန်ကြီးချုပ်ဟောင်း အနေနဲ့ Croatioa နိုင်ငံသားတွေကို နိုင်ငံတွင်းကနှင်ထုတ်ဖို့နဲ့ ပြင်းပြင်းထန်ထန်နှိပ်ကွပ်ဖို့ တိုက်တွန်းတဲ့ အမုန်းစကားမိန့်ခွန်းကို တရားသူကြီးတွေက သက်သေအဖြစ် အသုံးပြုနိုင်ခဲ့ပြီး ခုလို ပြစ်ဒဏ်ချနို်င်ခဲ့တာပါ။

ဒါပေမယ့်လည်း ၂၀၀၃ ခုနှစ်တုန်းက Seselj ကိုယ်တိုင် အဖမ်းခံခဲ့ပြီး၊ ထောင်ဒဏ် ၁၂ နှစ် ကျခံပြီးသားဖြစ်တာမို့သူ့ အနေနဲ့ ထောင်ထဲပြန်ဝင်စရာမလိုပဲ အပြင်မှာ ဆက်နေနိုင်ဖို့ များတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီ ဆာဘီးယား ဝန်ကြီးချုပ်ဟောင်းအနေနဲ့ အရင်တုံးက ခရိုရေးရှားတွေရဲ့ မျက်လုံးတွေကို သံချေးတက်နေတဲ့ ဇွန်းတွေနဲ့ ကလော်ထုတ်ပစ်သင့်တယ်လို့ ပြောခဲ့ဘူးပါတယ်။

ICC က ဆားဗီယားဝန်ကြီးချုပ်ဟောင်းကို ထောင် ၁၀ နှစ်ပြစ်ဒဏ်ချ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG