သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mike Pompeo ကိုနိုင်ငံခြားရေးဝန်ကြီးအဖြစ် လက်ခံရေး ဆီးနိတ်ကော်မတီကြားနာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရွေးချယ်ထားတဲ့ CIA အကြီးအကဲ Mike Pompeoကို အထက်လွှတ်တော်အမတ်တွေ မေးခွန်းထုတ်ခဲ့ကြ ( ဧပြီ ၁၂-၂၀၁၈)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရွေးချယ်ထားတဲ့ CIA အကြီးအကဲ Mike Pompeoကို အထက်လွှတ်တော်အမတ်တွေ မေးခွန်းထုတ်ခဲ့ကြ ( ဧပြီ ၁၂-၂၀၁၈)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ရွေးချယ်ထားတဲ့ CIA အကြီးအကဲ Mike Pompeo ကို အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီဝင် လွှတ်တော်အမတ်တွေ ကြာသပတေးနေ့က အပြင်းအထန် မေးခွန်းထုတ်ခဲ့ကြပါတယ်။ အဓိကကိစ္စတွေကတော့ ရုရှားနဲ့ပတ်သက်ပြီး လက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ကိစ္စ၊ သမ္မတနဲ့ သူနဲ့ကြား ဆက်ဆံရေးနဲ့ ကမ္ဘာတဝန်း ပဋိပက္ခဖြစ်နေတဲ့ ကိစ္စရပ်ကြီးတွေကို မေးမြန်းခဲ့ကြတာပါ။

ရုရှားနိုင်ငံနဲ့ သမ္မတထရမ့်ပ် အတွင်းစည်းကလူတွေကြား အဆက်အစပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသူ Robert Mueller ကို သာ သမ္မတထရမ့်ပ်က ဖြုတ်ပစ်မယ်ဆိုရင် သူကတော့ ကန့်ကွက်ပြီး နုတ်ထွက်မှာမဟုတ်ဘူး ဆိုတဲ့သဘောမျိုး မစ္စတာ Pompeo ကပြောပါတယ်။

“ပြည်တွင်းနိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေးဖြစ်တဲ့ အချိန်မျိုးတွေမှာ အမေရိကန်ရဲ့ အကြီးတန်းသံတမန်အဖြစ် ကျနော့်ရဲ့တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ဖို့က ပိုပြီး အရေးကြီးလိမ့်မယ်လို့ ကျနော့် အတွင်းစိတ်က ပြောပါတယ်။” ဆိုပြီး မစ္စတာ Pompeo က ဖြေသွားပါတယ်

လက်ရှိမှာ မကြာခနဆိုသလို အရှုပ်အထွေးတွေဖြစ်နေတဲ့ သမ္မတအိမ်ဖြူတော်ကို တည့်မတ်နိုင်ပြီး လိုအပ်လာတဲ့အခါမျိုးမှာ သမ္မတကို ထိပ်တိုက်ရင်ဆိုင် ပြောဆိုမယ့် နိုင်ငံခြားရေးဝန်ကြီးတဦး လိုအပ်နေတယ်ဆိုတာ ပါတီနှစ်ရပ်စလုံးက လွှတ်တော် အမတ်တွေက အလေးအနက် ပြောကြပါတယ်။

မြောက်ကိုရီးယားမှာ အစိုးရကိုဖြုတ်ချဖို့ လုပ်တာမျိုး သဘောမတူဘူးလို့ မစ္စတာ Pompeo ကပြောသလို သမ္မတ ထရမ့်ပ်နဲ့ Kim Jong Un တို့ကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မယ်လို့ မျှော်လင့်ထားတာအပါအဝင် သံတမန်ရေးနည်းလမ်းနဲ့ နျူကလီးယားကင်းမဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံဖြစ်ရေး အပြည့်အဝ အခိုင်အမာ လုပ်ဆောင်နိုင်မယ်လို့ ပြောပါတယ်။

မစ္စတာ Pompeo ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်ထားဖို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက အတည်ပြုဖို့ ရာမှာ ကင်တပ်ကီပြည်နယ်၊ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Rand Paul ကလွဲလို့ ကျန်တဲ့ ရီပတ်ဘလီကန် အထက် လွှတ်တော်အမတ်တွေအားလုံးက ထောက်ခံမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီမိုကရက်အမတ်အများစုက ဆုံးဖြတ်ချက် မချကြသေး ပေမဲ့လည်း တိုက်ခိုက်တာကို ဦးစားပေးတတ်တဲ့ မစ္စတာ Pompeo ရဲ့ သဘောထားတွေအပေါ် စိုးရိမ်စိတ်ရှိတယ်ဆိုတာ ပြော ထားကြသလို အမေရိကန်ရဲ့ ထိပ်တန်းသံတမန်အဖြစ် အမှုထမ်းဖို့ သူ့ကိုရွေးချယ်တာဟာ မှန်ကန်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လား ဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG