သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း သေဒဏ်စီရင်မှု ကျဆင်း


 နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာ ၂၀၁၇
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာ ၂၀၁၇

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်း သေဒဏ်စီရင်တဲ့အရေအတွက် ဆက်ပြီး ကျဆင်းသွားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သေဒဏ်စီရင်တဲ့အရေအတွက် ၄% ကျဆင်းသွားသလို သေဒဏ်ချမှတ်တာ လည်း လျော့သွားတယ်လို့ AI ကပြောပါတယ်။

ကမ္ဘာတဝန်း သေဒဏ်စီရင်တာနဲ့ သေဒဏ်ချမှတ်တာတွေကို သုတေသနပြု စစ်တမ်းလုပ်ပြီး ပြုစုရေးသားထားတဲ့ အစီရင်ခံစာကို AI က ကြာသပတေးနေ့မှာ ထုတ်ပြန်တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ သေဒဏ်စီရင်မှုပေါင်း ၉၉၀ ကျော် ရှိတာကြောင့် ၂၀၁၆ ခုနှစ်က ၁,၀၀၀ (၁,၀၃၂) ကျော်၊ ၂၀၁၅ ခုနှစ်က ၁,၆၀၀ (၁,၆၃၄) ကျော် ရှိခဲ့တာကနေ ၄% ကျဆင်းသွား တာပါ။

တကမ္ဘာလုံးမှာ သေဒဏ်စီရင်မှု အများဆုံးနိုင်ငံတွေကတော့ တရုတ်၊ အီရန်၊ ဆော်ဒီ အာရေးဘီးယား၊ အီရတ်၊ ပါကစ္စတန်တို့ဖြစ် တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

သေဒဏ်စီရင်မှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရပေမဲ့ ပြီးခဲ့တဲ့နှစ် အတွင်း ထောင်ပေါင်းများစွာရှိခဲ့တယ်လို့ ယူဆရတဲ့အကြောင်း AI ကပြောပါတယ်။

အီရန်၊ ဆော်ဒီ အာရေးဘီးယား၊ အီရတ်နဲ့ ပါကစ္စတန် လေးနိုင်ငံမှာ သေဒဏ်စီရင်မှုပေါင်းက အစီရင်ခံစာမှာပါတဲ့ ကမ္ဘာတဝန်း သေဒဏ်စီရင်မှုပေါင်းရဲ့ ၈၄% ရှိပါတယ်။

အနောက်နိုင်ငံတွေထဲမှာ သေဒဏ်ပေးတဲ့စနစ် ကျင့်သုံးနေဆဲဖြစ်တဲ့ တခုတည်းသောနိုင်ငံက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း သေဒဏ်ချမှတ်မှုပေါင်း ၄၂ ခုရှိပြီးတော့ စီရင်လိုက်တာက ၂၃ ခုရှိပါတယ်။

ဥရောပနဲ့ ဗဟိုအာရှဒေသမှာ သေဒဏ်စနစ်ကျင့်သုံးတဲ့ တခုတည်းသောနိုင်ငံကတော့ ဘဲလာရုရှ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း သေဒဏ်စီရင်မှု နှစ်ခုထက်မနည်းနဲ့ သေဒဏ်ချမှတ်မှု လေးခုထက်မနည်းရှိတယ်လို့ AI အဖွဲ့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG