သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီဝင်တွေ ဧပြီနောက်ဆုံးပတ် မြန်မာပြည်သွားမည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီး ၁၅ ဦးလုံး ပါဝင်တဲ့အဖွဲ့ဟာ ဧပြီလ ၂၆ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အီရတ်နိုင်ငံတို့ကို သွားရောက်မယ်လို့ ဧပြီလ ၁၂ ရက်၊ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric က ပြောသွားပါတယ်။

မြန်မာနိုင်ငံခရီးစဉ်က ဘယ်နှရက်ကြာပြီး ဘယ်သူတွေနဲ့တွေ့မယ်၊ ဘယ်နေရာတွေကို သွားမယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

ဒီခရီးစဉ်အတွင်း ကောင်စီအနေနဲ့ တညီတညွတ်တည်းရှိတယ်ဆိုတာကိုပြဖို့ မျှော်လင့်ကြောင်း၊ ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက အကောင်အထည်ဖော်နေတာမှာ အထောက်အကူပြုပေးခြင်းအားဖြင့် ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်လာအောင် ကူညီမှာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ဘေးဒုက္ခတွေနဲ့ လူသားစာနာမှု အကူအညီပေးလုပ်ငန်းတွေအတွက် ရန်ပုံငွေလိုအပ်ချက်ကို ဆက်ပြီး ထောက်ပံ့ရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက် ပြန်ရလာအောင် အထောက်အကူဖြစ်စေ လိမ့်မယ်လို့လည်း မျှော်လင့် ကြောင်း၊ အခုဆိုရင် မုတ်သုန်ရာသီနား နီးလာပြီဖြစ်တာကြောင့် ဒုက္ခသည်တွေအတွက် နောက်ထပ် အခက်အခဲတွေ ထပ်ဖြစ် လာမှာဖြစ်ကြောင်း ပြောခွင့်ရ Dujarric ကပြောသွားပါတယ်။

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ဖို့ကိစ္စကို မြန်မာအစိုးရက အစောပိုင်းမှာ ငြင်းခဲ့ပေမဲ့လည်း အခုတော့ သဘောတူ လက်ခံထားတာကြောင့် ဒီခရီးစဉ်ဖြစ်လာတာပါ။

လုံခြုံရေးကောင်စီဝင်တွေ ဧပြီနောက်ဆုံးပတ် မြန်မာပြည်သွားမည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG