သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတဒူတာတေး နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုတောင်းပန်


ဖိလစ်ပိုင်သမ္မတ ဒူတာတေး နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
ဖိလစ်ပိုင်သမ္မတ ဒူတာတေး နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

ဖိလစ်ပိုင်ခေါင်းဆောင် Rodrigo Duterte က မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သောကြာနေ့က တောင်းပန်လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်နေပြီဆိုပြီး ပြောဆိုခဲ့တာဟာ အနောက်နိုင်ငံတွေဘက်က ရိုဟင်ဂျာမွတ်ဆလင်တွေကို လက်မခံတဲ့အတွက် မခံချိမခံသာဖြစ်အောင် လှောင်ပြောင်တဲ့သဘောနဲ့ ပြောဆိုခဲ့တာသာဖြစ်တယ်လို့ ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို ဥရောပ နိုင်ငံတွေဘက်က လက်ခံမယ်ဆိုရင် ဖိလစ်ပိုင်ကလည်း လက်ခံဖို့ဆန္ဒရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတ Duterte ကပြောဆိုခဲ့တာပါ။ Duterte ဟာ မြန်မာနိုင်ငံအကြောင်းဘာမှသိမထားဘူးဆိုပြီး မြန်မာအစိုးရပြောခွင့်ရသူက မှတ်ချက်ပေးပါတယ် ။

မြန်မာ့ပြည်တွင်းရေးကို သူ့အနေနဲ့ ကြားဝင်တာမဟုတ်ဘူးလို့ သမ္မတ ဒူတာတေးက ပြန်ပြီးရှင်းလင်းချက်ထုတ်ပါတယ်။ ကျနော့်ပြောဆိုချက်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုတောင်းပန်မှာပါ။ ဒါပေမယ့် ကျနော့်ရဲ့ထုတ်ပြန်ချက်ကို သတိထားကြည့်ရင် လှောင်ပြောင်တဲ့ သဘောမျိုး ရေးထားတာကို တွေ့ရပါလိမ့်မယ်လို့ ဒူတာတေးက သတင်းထောက်တွေကို ဒီကနေ့ သောကြာနေ့မှာ ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးဆိုတဲ့ တင်းကြပ်တဲ့ မူဝါဒရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်နေပါတယ်ဆိုပြီးစွပ်စွဲ ပြောဆိုနေကြတဲ့အနောက်အင်အားကြီးနိုင်ငံတွေဟာ ရိုဟင်ဂျာအရေး မှာ မဆိုစလောက် သာလုပ်ကိုင်ပေးတယ်ဆိုပြီး ဥရောပနိုင်ငံတွေကို ဒူတာတေးက ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ဖိလစ်ပိုင်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC အဖွဲ့ဝင်မဟုတ်တော့တဲ့အတွက် ICC ရှေ့နေ ဘက်ကဖိလစ်ပိုင်မှာ စုံစမ်းစစ်ဆေးမှုတွေလာလုပ်ရင် ဖမ်းပစ်မယ်လို့လည်း ဒူတာတေးက သောကြာနေ့မှာပဲ ခြိမ်းချောက်ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG