သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဓာတုလက်နက် တားဆီးရေး စုံစမ်းစစ်ဆေးသူတွေ ဆီးရီးယားရောက်ရှိ


ဓာတုလက်နက်အသုံးပြုခဲ့တယ်လို့ ယူဆထားတဲ့ စနေနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့ရာ Douma အရပ် လုံခြုံရေးတင်းကျပ် (ဧပြီ-၁၂-၂၀၁၈)
ဓာတုလက်နက်အသုံးပြုခဲ့တယ်လို့ ယူဆထားတဲ့ စနေနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့ရာ Douma အရပ် လုံခြုံရေးတင်းကျပ် (ဧပြီ-၁၂-၂၀၁၈)

ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲထားပြီး၊ ဓာတုလက်နက်အသုံးပြုခဲ့တယ်လို့ ယူဆထားတဲ့ စနေနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့ရာ Douma အရပ်ကို သက်သေခံနမူနာတွေ စုဆောင်းဖို့ ကုလသမဂ္ဂ ဓာတုလက်နက် တားဆီးရေး နိုင်ငံတကာအဖွဲ့က စုံစမ်းစစ်ဆေးသူတွေ ရောက်လာကြပါတယ်။ OPCW အဖွဲ့က စုံစမ်းစစ်ဆေးသူတွေ အနေနဲ့ တိုက်ခိုက်မှုဖြစ်ရာ နေရာက မြေကြီးတွေလို ပတ်ဝန်းကျင်က အထောက်အထား နမူနာတွေ၊ ထိခိုက်သေကျေသူတွေထံက သွေးနမူနာတွေ အပါအဝင် ဇီဝအထောက်အထားတွေကို စုဆောင်းပြီး၊ အဖွဲ့ရဲ့ ဓာတ်ခွဲခန်းကိုပို့ဆောင် စစ်ဆေးမှာ ဖြစ်ပေမဲ့ တိုက်ခိုက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကိုတော့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။

ဒမတ်စကတ်မြို့စွန်က Ghouta အရှေ့ပိုင်း Douma အရပ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခိုက်မှုမှာတော့ လူ ၄၀ ထက်မနည်း သေဆုံးပြီး၊ ရာနဲ့ချီ နာမကျန်းဖြစ်ခဲ့ကြတာပါ။ ဆီးရီးယား အစိုးရကတော့ ဓာတုလက်နက်သုံး တိုက်ခိုက်မှု မကျုးလွန်ခဲ့ကြောင်း ငြင်းဆန်ထားပါတယ်။ တိုက်ခိုက်မှုဖြစ်ရာ ဒေသက သွေးနဲ့ဆီး နမူနာတွေကို အမေရိကန်က ရရှိထားပြီး စစ်ဆေးခဲ့ရာမှာ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့လည်း အမေရိကန်ရုပ်သံ NBC ကပြောပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ကြောင်း ရုရှားက သတိပေးနေချိန်မှာ၊ ဓာတုလက်နက်လို့ ယူဆရတဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်က တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ သမ္မတ Donald Trump က အမျိုးသား လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ခဲ့ပါတယ်။

ဆီးရီးယား အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ သမ္မတတွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နောက်ဆုံး ဆုံးဖြတ်ချက်တော့ မချရသေးတဲ့အကြောင်းလည်း အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ထောက်လှမ်းရေး သတင်းတွေကို ဆက်လက် ဆန်းစစ်နေဆဲဖြစ်ပြီး လက်တွဲဘက်တွေ၊ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုနေသလို၊ ပြင်သစ်သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ် တို့နဲ့ စကားပြောဖို့ စီစဉ်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။

ကုလဓာတုလက်နက် တားဆီးရေး စုံစမ်းစစ်ဆေးသူတွေ ဆီးရီးယားရောက်ရှိ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG