သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကိုတိုက်ခိုက်မှု နိုင်ငံတကာ အမြင်


ဆီးရီးယားတိုက်ခိုက်မှုအပေါ် နိုင်ငံတကာအမြင်၊ ဧပြီ ၁၄၊ ၂၀၁၈။
ဆီးရီးယားတိုက်ခိုက်မှုအပေါ် နိုင်ငံတကာအမြင်၊ ဧပြီ ၁၄၊ ၂၀၁၈။

ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်တွေကတော့ နိုင်ငံပေါ်မူတည်ပြီး ထောက်ခံတာနဲ့ အပြင်းအထန် ဝေဖန်တာ အမျိုးမျိုးရှိနေပါတယ်။

“နိုင်ငံတကာဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ပြီး အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ဆီးရီးယားကို ရက်စက်စွာ တိုက်ခိုက်တဲ့ အပေါ် အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချလိုက်တယ်လို့ ဆီးရီးယားနိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ အချုပ်အခြာအာဏာပိုင် အစိုးရတရပ်အပေါ် ရန်လိုအကြမ်းဖက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကပြောပြီး စစ်ဒဏ်သင့်ဆီးရီးယားမှာ လူသားဘေးဒုက္ခအကျပ်အတည်းဖြစ်အောင် အမေရိကန်က လုပ်နေ တယ်လို့ စွပ်စွဲပြောဆိုပါတယ်။

ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတာကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်သင့်ပြီး ပြဿနာကိုဖြေရှင်းဖို့အတွက် တခု တည်းသောနည်းလမ်းက နိုင်ငံရေးအဖြေပဲဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဂျာမနီ၊ ကနေဒါ၊ သြစတြေးလျ၊ ဂျပန်နဲ့ ဥရောပသမဂ္ဂတို့က ထောက်ခံကြပါတယ်။ ဒါ့အပြင် အစ္စရေးလ်နဲ့ တူရကီတို့ကလည်း ထောက်ခံပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဓာတုလက်နက်တွေကို တိုက်ဖျက်ရေး ကြေညာချက်တွေ ထုတ်နေတာ ချည်းသက်သက်ပဲ မဟုတ်ဘူးဆိုတဲ့ သူတို့ရဲ့သန္နိဋ္ဌာန်ကို သက်သေပြလိုက်တာဖြစ်တယ်လို့ဆိုပြီး အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ချီးကျူး ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG