သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ခရစ်ယာန်သာသာပြု တရုတ်နိုင်ငံသားအမှု အယူခံတင်


 မြန်မာနိုင်ငံတွင်း ခရစ်ယာန်သာသနာပြု လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူ တရုတ်နိုင်ငံသား John Sanqiang Cao ရဲ့ သားဖြစ်သူ Amos Cao.
 မြန်မာနိုင်ငံတွင်း ခရစ်ယာန်သာသနာပြု လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူ တရုတ်နိုင်ငံသား John Sanqiang Cao ရဲ့ သားဖြစ်သူ Amos Cao.

မြန်မာနိုင်ငံတွင်း ခရစ်ယာန်သာသနာပြု လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူ တရုတ်နိုင်ငံသား John Sanqiang Cao ဟာ မကြာခင်က တရုတ်နိုင်ငံတွင်းမှာ အဖမ်းခံရပြီး ထောင်ဒဏ် ၇ နှစ်ထိ အကျခံရမယ့်အရေးမှာ သူ့ကို ထောင်ဒဏ်လျှော့်ပေါ့ပေးဖို့ တရုတ်အစိုးရထံ အယူခံဝင်နေပါတယ်။

သင်းအုပ်ဆရာတော် John လို့ လူသိများတဲ့ Cao ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၀ ပြည့်နှစ်ထဲက နေထိုင်လာတာဖြစ်ပြီး အမြဲတမ်းနေထိုင်ခွင့် Green card ရထားသူဖြစ်ပေမဲ့၊ တရုတ်နိုင်ငံတွင်း သာသနာပြု လုပ်ငန်းတွေ လုပ်ဆောင်ဖို့ မူရင်း တရုတ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ဆက်လက် ခံယူထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းက ခရစ်ယာန် ဘုရားကျောင်းတွေ၊ တရားမဝင် ဖွင့်ထားတဲ့ ကျမ်းစာသင်ကျောင်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ ပါဝင် လုပ်ကိုင်ခဲ့တာတွေကြောင့်လည်း ခုလိုအခြေအနေ ကြုံရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားကလေးငယ်တွေအတွက် အခမဲ့ပညာရေး ပေးနိုင်ဖို့အတွက် သင်ကြားပေးမယ့် တရုတ်ဆရာ ၅၀ ကျော် စုဆောင်းပြီး Cao က မြန်မာနိုင်ငံထဲကို တရားမဝင် ခေါ်သွားဖို့ ကြိုးစားခဲ့တယ်ဆိုပြီး သူ့ကို ဖမ်းလိုက်တာပါ။

တရုတ်နိုင်ငံတွင်း ခရစ္စယာန်ဘာသာကိုးကွယ်မှု တိုးပွားလာမှုဟာ အချုပ်အခြာ အာဏာတည်တံ့ရေး အတွက် စိုးရိမ်စရာလို့ ယူဆတဲ့အတွက် Cao ကို နမူနာအဖြစ် ဖမ်းဆီးအပြစ်ပေးလိုက်တဲ့ သဘောလို့ သုံးသပ်သူတွေက မြင်ကြပါတယ်။ Cao မိသားစုကတော့ လူသားချင်းစာနာစိတ်ထားပြီး Cao ပြန်လွှတ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ကလည်း Cao ရဲ့ အခြေအနေကို စိုးရိမ်ကြောင်းနဲ့ Cao ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း ခရစ်ယာန်သာသာပြု တရုတ်နိုင်ငံသားအမှု အယူခံတင်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG