သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပါးကိုနိုင်တဲ့ မန်ယူ FA ဖလားနဲ့ တဆင့်နီးကပ်


FA ဖလား မန်ယူနဲ့ စပါးအသင်း၊ ဧပြီ ၂၁၊ ၂၀၁၈။
FA ဖလား မန်ယူနဲ့ စပါးအသင်း၊ ဧပြီ ၂၁၊ ၂၀၁၈။

စနေနေ့ မြန်မာစံတော်ချိန် ညဘက်ကကစားတဲ့ အင်္ဂလန် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်လ် ပထမပွဲ မန်ယူနဲ့စပါးပွဲမှာ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ပထမပိုင်း ၁၁ မိနစ်မှာ စပါးအသင်းက Alli က ဦးဆောင်ဂိုး သွင်းယူခဲ့တာဖြစ်ပေမဲ့ ၂၄ မိနစ်မှာ မန်ယူတိုက်စစ်မှူး Sanchez ချေပ ဂိုး ပြန်သွင်းခဲ့ပါတယ်။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ၆၂ မိနစ်မှာ Herrera က သွင်းယူခဲ့တာပါ။

အခုဆိုရင် ဒီနှစ်ဘောလုံးရာသီအတွက် တလုံးတည်းသော ချန်ပီယံဖလားကိုရဖို့ မန်ယူအသင်းအတွက် နောက်တဆင့် နီးကပ် သွားပြီဖြစ်ပါတယ်။ ဒီကနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာကန်မယ့် ဆီမီးဒုတိယပွဲ ချယ်လ်ဆီးနဲ့ ဆောက်သမ်ပ်တန် နှစ်သင်း ထဲက နိုင်တဲ့အသင်းနဲ့ မန်ယူအသင်းတို့ ချန်ပီယံဖလားအတွက် ဗိုလ်လုကြရမှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲတလျှောက် အာဆယ်နယ်လ်ပြီးရင် ဒုတိယအောင်မြင်မှုအရှိဆုံးအသင်းပါ။ အာဆင်နယ်လ်က အက်ဖ်အေဖလားကို ၁၃ ကြိမ် ဗိုလ်စွဲထားပြီး မန်ယူကတော့ ၁၂ ကြိမ် ဗိုလ်စွဲထားတာကြောင့် ဒီတကြိမ် ဖလား ထပ်ရမယ်ဆိုရင်တော့ အာဆင်နယ်နဲ့ စံချိန်တူ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးက ဘန်လေကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။

ဝက်စ်ဘရွမ်းနဲ့ လီဗာပူးလ်တို့ ၂ ဂိုးစီနဲ့ သရေကျပြီး ဝက်ဖို့ဒ်နဲ့ ပဲလေ့စ်တို့ကတော့ ဂိုးမရှိ သရေကျသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG