သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ Hamas တဦး အသတ်ခံရတာ အစ္စရေးလက်ချက်လား


အသတ်ခံလိုက်ရတဲ့ Fadi al-Batash ပုံကို မိသားစုအိမ်ရှေ့မှာကပ်ထားပုံ၊ ဧပြီ ၂၁၊ ၂၀၁၈။
အသတ်ခံလိုက်ရတဲ့ Fadi al-Batash ပုံကို မိသားစုအိမ်ရှေ့မှာကပ်ထားပုံ၊ ဧပြီ ၂၁၊ ၂၀၁၈။

မလေးရှားနိုင်ငံမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရသူဟာ သူတို့အဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တဦးဖြစ်တယ်လို့ ဂါဇာကမ်းမြောင်ဒေသ ကို အုပ်ချုပ်နေတဲ့ ဟားမားစ်အဖွဲ့က စနေနေ့မှာပြောပါတယ်။ ဒါကြောင့်လည်း ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ အစ္စရေးလ်နိုင်ငံ ရှိနေသလားဆိုတဲ့ သံသယတွေ ပိုတိုးလာပါတယ်။

အခင်းဖြစ်တဲ့နေရာကို စုံစမ်းစစ်ဆေးရေးမှူးတွေ စစ်ဆေးနေကြတာနဲ့အမျှ ပလက်ဖောင်းပေါ်မှာ ပြန့်ကျဲနေတဲ့ သွေးတွေကို တွေ့ကြရပါတယ်။ သေဆုံးသူ ပါလက်စတိုင်းအင်ဂျင်နီယာ Fadi al-Batsh ဟာ ဟားမားစ်အဖွဲ့ရဲ့ သစ္စာရှိအဖွဲ့ဝင်တဦးဖြစ်သလို ပါလက်စတိုင်း လူငယ်ပညာရှင်တွေရဲ့ သိပ္ပံပညာရှင်လည်းဖြစ်တယ်လို့ ဟားမားစ်အဖွဲ့က ပြောပါတယ်။

သိပ္ပံပညာဆိုင်ရာ မစ္စတာ al-Batsh ရဲ့ စွမ်းဆောင် အောင်မြင်မှုတွေအကြောင်း နောက်ထပ် အသေးစိတ် ပြောမထားပေမဲ့ သူဟာ အရေးပါတဲ့ ဆောင်ရွက်ချက်တွေ ရှိထားသလို စွမ်းအင်ကဏ္ဍဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့သူ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစ္စရေးလ်ကို ဟားမားစ်အဖွဲ့က စွပ်စွဲပြောဆိုတာမျိုး မတွေ့ရဘဲ သူဟာ သစ္စာဖောက်တွေရဲ့ လက်ချက်နဲ့ လုပ်ကြံခံလိုက်ရတာဖြစ်တယ်လို့ပဲ ပြောထားပါတယ်။ ဒါပေမဲ့ မစ္စတာ al-Batsh ရဲ့ ဆွေမျိုးသားချင်းတွေကတော့ အစ္စရေးလ် လက်ချက်လို့ ယုံကြည်ကြပါတယ်။

အသက် ၃၆ နှစ်အရွယ် မစ္စတာ al-Batsh ဟာ ကွာလာလမ်ပူမြို့တော်မှာ စနေနေ့မနက်ပိုင်းက ဗလီမှာဝတ်ပြုဖို့ သွားနေတဲ့အချိန် မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက်က သေနတ်နဲ့ ရှစ်ချက်ထက်မနည်း ပစ်သွားတာလို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG