သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေခွံခွာ ရောင်းစားခံရမှုကြောင့် မြန်မာ့ဆင်တွေရှေ့ရေး ရင်လေးဖွယ်


Elephant Family ဆိုတဲ့ ဆင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ‘Skinned – The Growing Appetite for Asian Elephants’ ဆိုတဲ့ အစီရင်ခံစာသစ်
Elephant Family ဆိုတဲ့ ဆင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ‘Skinned – The Growing Appetite for Asian Elephants’ ဆိုတဲ့ အစီရင်ခံစာသစ်

တရုတ်နိုင်ငံမှာ ဆင်သားရေနဲ့လုပ်တဲ့ ပစ္စည်းတွေ အရောင်းသွက်နေတာကြောင့် အာရှကဆင်တွေကို ဖမ်းဆီးသတ်ဖြတ်မှု စိုးရိမ်စရာ ကောင်းလောက်အောင် များလာတယ်လို့ ဗြိတိန်အခြေစိုက် ဆင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ စုံစမ်းရရှိတဲ့ အထောက်အထားတွေအရ အာရှဆင်သားရေ တရားမဝင်ရောင်းဝယ်မှုဟာ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေမှာရှိနေတယ်လို့ Elephant Family ဆိုတဲ့ ဆင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ‘Skinned – The Growing Appetite for Asian Elephants’ ဆိုတဲ့ အစီရင်ခံစာသစ်ထဲမှာ မီးမောင်းထိုးပြထားပါတယ်။

မြန်မာနိုင်ငံသစ်တောတွေထဲမှာ ဆင်တွေကို သတ်ဖြတ်ပြီး တရုတ်နိုင်ငံကို ဆင်သားရေတွေ တင်ပို့နေတဲ့အကြောင်း ဖော်ပြထားတဲ့ အစီရင်ခံစာမှာ သားရေထွက်ပစ္စည်းတွေကို ဆေးဖော်ရာမှာသုံးဖို့ လိုင်စင်ရထားတဲ့အချက်က စိုးရိမ်စရာ ဖြစ်တာကိုလည်း ထောက်ပြထားပါတယ်။ ဆင်တွေကို တရားမဝင် သတ်ဖြတ်နေတဲ့အန္တရာယ်ဟာ လောလောဆယ် မြန်မာနိုင်ငံမှာ အဆိုးဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာရှမှာရှိတဲ့ဆင်အရေအတွက်ဟာ လျော့နည်းလာနေပြီး။ ဘယ်လိုဆင်အမျိုးအစားမဆို အသက်အရွယ်မျိုးမဆိုကို သတ်ဖြတ်ရောင်းဝယ်နေတာကြောင့် ဆင်တွေမျိုးတုန်း သွားနိုင်တယ်လို့ Elephant Family အဖွဲ့ရဲ့ ထိမ်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ ညွှန်ကြားနေရေးမှုးBelinda Stewart-Cox ကပြောပါတယ်။

ဆင်တွေကို အရှင် အကောင်လိုက်ရောင်းဝယ်နေတာကို အဖွဲ့က စတင်စောင့်ကြည့်ခဲ့ရာက မြန်မာနို်င်ငံထဲမှာ တရားမဝင်သတ်ဖြတ်မှုဟာ ထိတ်လန့်စရာ ကောင်းလောက်အောင် များတာကို သိရှိခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဆင်သားရေဖျက်ထားတဲ့ ဆင်သေကောင်အရေအတွက် ပိုများလာတာကို လေ့လာတွေ့ရှိခဲ့တယ်လို့ Elephant Family အဖွဲ့က ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG