သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Trump နဲ့ Macron အီရန်အရေးဆွေးနွေးပေမဲ့ တိကျတဲ့အဖြေမထွက်


ပြင်သစ် သမ္မတ နဲ့ အမေရိကန်သမ္မတ ပူးတွဲသတင်းစာရှင်းလင်းပွဲ(ဧပြီ ၂၄-၂၀၁၈)

အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ် သမ္မတ ၂ ဦးစလုံးက အီရန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လုပ်ဖို့ ပြောပေမယ့် သတင်းထောက် တွေကို အင်္ဂါနေ့ ပြောကြားရာမှာတော့ လက်ရှိရထားတဲ့ အီရန်နဲ့ နျူကလီယားသဘောတူညီချက်ကနေ အမေရိကန်သမ္မတ Donald Trump နှုတ်ထွက်ဖို့ ရှိမရှိ ခေါင်းဆောင် ၂ ဦးစလုံးက ဘာအရိပ်လက္ခဏာမှ မပြခဲ့ကြပါဘူး။

JCPOA ခေါ် အီရန်နျူကလီယားအရေးနဲ့ပတ်သက်ပြီး အရေးယူမှုအတွက် ပြီးပြည့်စုံတဲ့ လက်ရှိ အစီအစဉ်ရဲ့ သက်တမ်းဟာ ရှေ့လထဲမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဒါကို သမ္မတ Trump ဘယ်လိုဆုံးဖြတ်မယ် ဆိုတာ သူမသိကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားခဲ့ပါတယ်။

သမ္မတ Trump ကလည်း အခုရထားတဲ့ အီရန်နျူကလီယားအရေး သဘောတူညီချက်ဟာ အဓိပ္ပါယ်မရှိ တဲ့ သဘောတူညီချက်လို့ အင်္ဂါနေ့မှာပဲ ထပ်ပြီးပြောကြားခဲ့သလို ဒီသဘောတူညီချက်ကို အစကတည်းက မလုပ်သင့်ဘူးလို့ ပြောကြားခဲ့တာပါ။

တကယ်လို့ ဒီ JCPOA သာ ပျက်ပြယ်သွားမယ် ဆိုရင် အီရန်အပေါ် နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လုပ်လာနိုင်တာမို့ အီရန်သမ္မတ Hassan Rouhani က တကယ်လို့ သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မယ် ဆိုရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ခံရမှာ ဖြစ်ကြောင်း အင်္ဂါနေ့မှာပဲ ပြောကြားခဲ့တာပါ။

Trump နဲ့ Macron အီရန်အရေးဆွေးနွေးပေမဲ့ တိကျတဲ့အဖြေမထွက်
please wait

No media source currently available

0:00 0:05:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG