သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယားခေါင်းဆောင်နဲ့ Trump မကြာမီတွေ့ဆုံဖွယ်ရှိ


အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un.
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un.

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမြန်ဆုံးတွေ့ဆုံဖို့ မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားခဲ့ပြီး Kim Jong Un ဟာ သိပ်ကို ပွင့်လင်း သိက္ခာရှိသူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က တွေ့ဆုံပွဲ အမြန်ဆုံးလုပ်ချင်တယ်ဆိုတာ အမေရိကန်ကို တိုက်ရိုက်ပြောခဲ့တယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ပူးတွဲလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သမ္မတ Trump ကပြောကြားခဲ့တာပါ။

ဒါဟာ ကမ္ဘာကြီးအတွက် အင်မတန်ကောင်းတဲ့ကိစ္စဖြစ်တယ်လို့လည်း ဆိုပါတယ်။ ညှိုနှိုင်းမှုတွေ အဆင်မပြေရင် ဆွေးနွေးပွဲကနေ ထွက်သွားမှာဖြစ်ပေမဲ့ အင်မတန်ကောင်းမွန်တဲ့ ရလာဒ်ရအောင်လုပ်ဖို့ အခွင့်အလမ်းရှိတယ်ဆိုတာကို သမ္မတ Trump ကအလေးအနက်ပြောခဲ့ပါတယ်။

Trump နဲ့ Kim Jong Un တို့ရဲ့ ဆွေးနွေးပွဲအဓိကရည်ရွယ်ချက်က Nuclear ကင်းစင်ပပျောက်ရေးဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ Nuclear လုံးဝကင်းစင်ပပျောက်ရေးအတွက် ခိုင်မာတဲ့ဆောင်ရွက်ချက်တွေ မလုပ်သရွေ့မြောက်ကိုရီးယားအစိုးရအပေါ် အမေရိကန်က အပြင်းထန်ဆုံးဖိအား ပေးသွားမှာဖြစ်ပြီး အရေးယူဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG