သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ စာနာမှုအကူအညီ အာဆီယံအလေးထား


Singapore ASEAN
Singapore ASEAN

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဟာအခြားနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာသာ မူတည်ပြီး အခိုင်အမာပါဝင်ဆောင်ရွက်သွားမယ်လို့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ အလှည့်ကျ ဥက္ကဌဖြစ်တဲ့စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်နေပုံနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေကဝေဖန် ပြောဆိုတာမျိုး မရှိသလို အာဆီယံက တရားဝင် ထုတ်ပြန်ချက်တွေမှာလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုမထားပါဘူး။

ရခိုင်အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ မြန်မာအစိုးရကို အာဆီယံထိပ်သီးစည်းဝေးပွဲမှာ အသင်းဝင်နိုင်ငံ ခေါင်းဆောင်တွေကတိုက်တွန်းသွားပါတယ်။

သမ္မတ ဦးဝင်းမြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကလည်း ရခိုင်ဒေသရဲ့ အခြေအနေအရပ်ရပ်ကို အာဆီယံထိပ်သီးစည်းဝေးပွဲမှာ တင်ပြခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေကလည်း မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ဆက်လက်အားပေးထောက်ခံကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက နေရပ်စွန့်ခွါထွက်ပြေးနေရတဲ့ ပြည်သူပြည်သားတွေကို ခွဲခြားဆက်ဆံခြင်းမရှိပဲ လူသားချင်စားနာမှုအထောက်အကူတွေပေးအပ်နေတဲ့ အာဆီယံအဖွဲ့ရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ AHA ရဲ့ လုပ်ငန်းတွေကို ကြိုဆိုကြောင်းလည်း အာဆီယံ ဥက္ကဌရဲ့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG