သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားမည်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံကို မကြာခင် သွားရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီး စည်းဝေးပွဲအပြီး ရက်ပိုင်းအတွင်း သွားရောက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ မေလ ၂ ရက်ကနေ ၃ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။ ခရီးစဉ်အတွင်း ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုတာကိုတော့ ဒီကနေ့ ထုတ်ပြန်တဲ့ အကျဉ်းရုန်း ကြေညာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

မြောက်ကိုရီးယားက နြူကလီးယား စမ်းသပ်တဲ့နေရာတွေကို မေလအတွင်း ပိတ်ပစ်တဲ့အခါ တောင်ကိုရီးယားက သတင်းထောက်တွေနဲ့ ကျွမ်းကျင်သူတွေ၊ အမေရိကန်က လေ့လာသူတွေကို မြောက်ကိုရီးယားခေါင်းဆောင်က ဖိတ်ကြားဖို့ စီစဉ်ထားကြောင်း ထိပ်သီး စည်းဝေးပွဲအကြောင်း တနင်္ဂနွေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယား သမ္မတ ပြောခွင့်ရ Yoon Young-chan က ပြောပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာတာကြောင့် မြောက်ကိုရီးုယားအနေနဲ့ နြူကလီးယား လက်နက် မလိုအပ်တော့ဘူးလို့ ခေါင်းဆောင် Kim Jong Un ပြောကြားခဲ့တာကို ကိုးကားပြီးတော့လည်း တောင်ကိုရီးယားသမ္မတက ပြန်လည်ပြောကြားခဲ့ပါတယ်။

သမ္မတ Donald Trump နဲ့ ခေါင်းဆောင် Kim Jong Un တို့ လာမယ့် သီတင်းပတ် ၃ - ၄ ပတ်အတွင်း ပြုလုပ်မယ့် ထိပ်သီး စည်းဝေးပွဲကနေ မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၃ ဦး ပြန်လွတ်ပေးတာနဲ့ သူ့ရဲ့ နြူကလီးယား အစီအစဉ် နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့၊ စိစစ် အတည်ပြုနိုင်တဲ့ သဘောတူညီချက်မျိုး ရနိုင်လိမ့်မယ်လို့ ABC သတင်းဌာနကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားမည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG