သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်အမေရိကန်ကုန်သွယ်ရေးဆွေးနွေးပွဲ သဘောတူညီမှု တချို့ရ


အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Steven Mnuchin၊ မေ ၃၊ ၂၀၁၈။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ ကြာသပတေးနဲ့ သောကြာ ၂ ရက်တာ ကျင်းပခဲ့တဲ့ အမေရိကန်- တရုတ် အပြန်အလှန် ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ သဘောတူညီမှုအချို့ ရခဲ့ပေမယ့် နှစ်နိုင်ငံကြားကြီးမားတဲ့ ကွားခြားချက်တွေတော့ ရှိနေပါသေးတယ်။ အမေရိကန်သမ္မတ Donlad Trump ရဲ့ အထူးကိုယ်စားလှယ်၊ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်နိုင်ငံကြား ကျင်းပတဲ့ ဆွေးနွေးပွဲကနေ ဘယ်လိုသဘောတူညီမှုတွေ ရလိုက်သလဲဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ခြင်းမရှိပေမယ့် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆက်ပြီး ဆက်သွယ်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။

ဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ပေါလစ်ဗြူရို Liu He တက်ရောက်လာပါတယ်။ သမ္မတ အိမ်ဖြူတော်ကလည်း ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ကြောင်း ကြေငြာချက်ထုတ်ပြန်ပါတယ်။ မျှတမှုရှိတဲ့ကုန်သွယ်ရေးဟာ တရုတ်၊ အမေရိကန်နဲ့ ကမ္ဘာ့ စီးပွါးရေးအတွက်ပါ အလျင်အမြန်တိုးတက်စေလိမ့်မယ်လို့ အမေရိကန်ကိုယ်စားလှယ်တွေကပြောပါတယ်။ တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနကလည်း ကုန်သွယ်ရေး ဆွေးနွေးပွဲကို အပြုသဘောဆောင်ပြီး ပွင့်လင်းတဲ့ အကျိုးရှိတဲ့ဆွေးနွေးပွဲဖြစ်ပေမယ့် သဘောမတူမှုတွေ ကြီးကြီးမားမားရှိနေသေးတယ်လို့ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG