သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်ယီမီးတောင်ကြောင့် လူထောင်ချီ ဘေးလွတ်ရာရွှေ့


Kilauea မီးတောင်မှ ချော်ရည်များ (Reuters အတွက် Mr Jeremiah Osuna ရိုက်ကူးပေး) မေ ၃ ၂၀၁၈
Kilauea မီးတောင်မှ ချော်ရည်များ (Reuters အတွက် Mr Jeremiah Osuna ရိုက်ကူးပေး) မေ ၃ ၂၀၁၈

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းက Kilaueu မီးတောင် ချော်ရည်တွေဟာ ကျွန်းအရှေ့ပိုင်းဘက်ကို သောကြာနေ့က ပိုပြီး စီးထွက်လာတဲ့အတွက် လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းလိုက်ရပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ ပြင်းအားအဆင့် ၆.၉ ရှိ ငလျင်လှုပ်သွားပြီးတဲ့နောက် မီးတောင်လှုပ်ရှားမှုတွေ ခုလိုထပ်ဖြစ်လာတာပါ။ ဒေသစံတော်ချိန်နေ့လည် ၁၂ နာရီ ခွဲလောက်က မီးတောင်ရဲ့ တောင်ဘက်ပိုင်းမှာ ငလျင်လှုပ်သွားတာလို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ပြောပါတယ်။


သောကြာနေ့အစောပိုင်းမှာပဲ ပြင်းအား ၅.၇ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်သွားသလို ငလျင်တွေထပ်လှုပ်မယ်လို့ ခန့်မှန်းရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ကွဲအက်လာတဲ့ မြေလွှာထဲကထွက်လာတဲ့ ချော်ရည်ပူတွေ တောအုပ်ထဲကို ဖြတ်ပြီးစီးဆင်းနေတာကိုလည်း ဒရုန်းနဲ့ရိုက်ယူထားတဲ့ ဗီဒီယိုတွေမှာတွေ့ရပါတယ်။ ကြာသပတေးနေ့ကစပြီး မီးတောင်ပေါက်ကွဲခဲ့တာကြောင့် ထောင့်ငါးရာ ထက်မနည်းတို့လည်း ဘေးလွတ်ရာ ပြောင်းရွှေ့သွားခဲ့ရပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့မရှိသေးပါဘူး။

အသက်အရွယ်ကြီးသူတွေ နဲ့ အသက်ရှုရ ခက်တတ်တဲ့ လူတွေကို ထိခိုက်စေနိုင်တဲ့ ဆာလဖာ ဓာတ်ငွေ့တွေလေထုထဲမှာ မြင့်မားနေတာကို စမ်းသပ်တွေ့ရှိလိုက်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဘယ်လောက်ကြာကြာမီးတောင်ပေါက်ကွဲနေမလဲဆိုတာ မခန့်မှန်းနိုင်ဘူးလို့လည်း သိပ္ပံပညာရှင်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG