သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတင် လေးကြိမ်မြောက် ကျမ်းသစ္စာမကျိန်ခင် ဆန္ဒပြပွဲတွေဖြစ်


ပူတင် လေးကြိမ်မြောက် ကျမ်းသစ္စာမကျိန်ခင် ကျင်းပတဲ့ ဆန္ဒပြပွဲ၊ မေ ၅၊ ၂၀၁၈။
ပူတင် လေးကြိမ်မြောက် ကျမ်းသစ္စာမကျိန်ခင် ကျင်းပတဲ့ ဆန္ဒပြပွဲ၊ မေ ၅၊ ၂၀၁၈။

ရုရှား သမ္မတ Vladimir Putin ဟာ မကြာခင်မှာပဲ စတုတ္ထသက်တမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့်အပေါ် ရုရှားနိုင်ငံတဝှမ်း ဒီကနေ့ စနေနေ့မှာ ဆန့်ကျင်ဆန္ဒပြကြပါတယ်။ “ He is not our czar'' သူဟာ ငါတို့ရဲ့ ဇာဘုရင် မဟုတ်ဘူးဆိုပြီး ဆန္ဒပြသူတွေကကြွေးကျော်ပါတယ်။

ဆန္ဒပြပွဲကို သမ္မတ ပူတင်ကို အထင်ရှားဆုံး ဆန့်ကျင်သူလည်းဖြစ်၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စည်းရုံးလှုပ်ရှားသူ Alexei Navalny က စီစဉ်တာပါ။ နိုင်ငံအရှေ့ဘက်စွန်းနဲ့ ဆိုက်ဘေးရီးယားဒေသမှာရှိတဲ့ မြို့ပေါင်း ၁၀မြို့ ထက်မနည်းက လူပေါင်း ရာနဲ့ချီ တို့ ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းခဲ့ကြောင်း နောက်ဆုံးတက်လာသတဲ့သတင်းတွေနဲ့ လူမှုကွန်ယက်က ဖော်ပြချက်တွေမှာတေ့ွရပါတယ်။

ဆန္ဒပြသူအချို့ ရဲတို့ရဲ့ ဖမ်းဆီးခြင်းခံရပေမယ့်လည်း ဘယ်လောက်အဖမ်းခံရသလဲဆိုတာ မသိရပါဘူး။ ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ မော်စကိုမြို့က လမ်းမကြီးတွေမှာရော St. Petersburg မြို့မှာပါ အတည်ပြုချက်ရမထားတဲ့ ပိုကြီးတဲ့ ချီတက်ဆန္ဒပြပွဲတွေကျင်းပမယ်လို့ ခန့်မှန်းရပါတယ်။ လာမယ့် တနင်္လာနေ့မှာ နောက်ထပ်သက်တမ်း ၆ နှစ်အတွက် သမ္မတ ပူတင်ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။

ပူတင် လေးကြိမ်မြောက် ကျမ်းသစ္စာမကျိန်ခင် ဆန္ဒပြပွဲတွေဖြစ်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG