သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရီးမီးယားလိခ် ဝက်စ်ဟမ်း နဲ့ မန်ယူ ဂိုးမရှိ သရေ


 ပရီးမီးယားလိဂ်ပြိုင်ပွဲ ဝက်စ်ဟမ်းမ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင်နေကြစဉ်။ ( မေ ၁၀-၂၀၁၈)
ပရီးမီးယားလိဂ်ပြိုင်ပွဲ ဝက်စ်ဟမ်းမ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင်နေကြစဉ်။ ( မေ ၁၀-၂၀၁၈)

ကြာသပတေးနေ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဝက်စ်ဟမ်းမ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ပွဲမှာ ဂိုးမရှိ သရေကျသွားပါတယ်။ မန်ယူ အသင်းဟာ ဒီပွဲမှာ သရေကျပြီးတဲ့နောက် အဆင့် ၁ မန်စီးတီးအသင်းနဲ့ ပွဲအရေအတွက်တူ ၁၉ မှတ် ကွာသွားပါပြီ။

ဦးနှောက်တွင်း သွေးယိုစီးတာကြောင့် အရေးပေါ် ခွဲစိတ်ကုသမှုခံယူပြီး ဆေးရုံမှာပဲရှိနေသေးတဲ့ မန်ယူရဲ့ ဂန္ထဝင်နည်းပြကြီး ဆာ အဲလက်က်စ် ဖာဂူဆန်ကတော့ အထူးကျပ်မတ်ကုသတဲ့အဆင့်ကို ကျော်လွန်သွားပြီဖြစ်ပေမဲ့ Salford တော်ဝင်ဆေးရုံမှာပဲ ပြန်ပြီး နာလန်ထူလာတဲ့ထိ ဆက်နေသွားရဦးမယ်လို့ မန်ယူအသင်းက ဗုဒ္ဓဟူးနေ့မှာ ပြောထားပါတယ်။

လာမယ့် တနင်္ဂနွေနေ့ကျရင်တော့ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲတွေကို ကစားကြတော့မှာဖြစ်ပါတယ်။

ဒီထဲမှာ တန်းဆင်းဇုံထဲကလွတ်ဖို့ ရုန်းကန် ကြိုးစားကြရမယ့် အသင်းတွေပါသလို လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရေး ထိပ်ဆုံးလေးသင်းထဲမှာ လက်ရှိ ရှိနေတဲ့အသင်းတွေက ပြုတ်ကျမသွားဖို့ ကြိုးစားကြရမှာဖြစ်သလို ထိပ်ဆုံးလေးသင်းထဲ ပါလုနီးချယ်လ်ဆီးအသင်းအနေနဲ့လည်း နယူးကက်ဆယ်လ်အသင်းကို အဝေးကွင်းမှာ ခြေကုန်ထုတ် ကစားရမှာဖြစ်ပါတယ်။

လက်ရှိ အဆင့် ၃ မှာရှိနေတဲ့ တော်တမ်ဟမ်အသင်း အိမ်ကွင်းမှာ လက်စတာ စီးတီးအသင်းနဲ့ ကန်ရမှာဖြစ်ပြီး လက်ရှိ အဆင့် ၄ မှာရှိနေတဲ့ လီဗာပူးလ်ကလည်း အိမ်ကွင်းမှာပဲ ဘရိုက်တန်အသင်းနဲ့ ကန်ရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ထားပြီးဖြစ်ပြီးတော့ မေလ ၂၆ ရက်နေ့မှာ ရီးယဲလ် မက်ဒရစ် အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG