သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်တွင်းလုပ် ပထမဆုံးလေယာဉ်တင်သင်္ဘော ပင်လယ်ပြင်ရေချ


တရုတ်နိုင်ငံတွင်းမှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ လေယာဉ်တင်း သဘောၤကို ပင်လယ်ပြင် လုပ်ငန်းတွေ စတင် စမ်းသပ်နေပါတယ်။ Dalian မြောက်ပိုင်း ဆိပ်ကမ်းကနေ မနေ့ တနင်္ဂနွေနေ့ အစောပိုင်းက နာမည်မပေးရသေးတဲ့ လေယာဉ်တင် သဘောၤ ခုတ်မောင်းသွားတာကို တရုတ်နိုင်ငံပိုင် ရုပ်သံမှာ တွေ့မြင်ရပါတယ်။

သဘောၤ ခုတ်မောင်းမှုနဲ့ တခြား စနစ်တွေရဲ့ စိတ်ချရမှုနဲ့ တည်ငြိမ်မှုကို စမ်းသပ်မယ့်အကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ပင်လယ်ပြင် စမ်းသပ်မှုတွေ၊ လေယာဉ်တွေ ပြည့်စုံရင်တော့ ၂၀၂၀ မတိုင်ခင်မှာ တန်ချိန် ၅ သောင်းရှိတဲ့ လေယာဉ်တင် သဘောၤကို တရားဝင် စတင် တာဝန်ပေးအပ်တော့မယ့် အနေအထား ရှိပါတယ်။ ရေနံလောင်စာသုံး တာဘိုင်စွမ်းအင်ထုတ်စက်ရုံ၊ လေယာဉ်ပျံတက်ဖို့ ဆင်ခြေလျော ပြေးလမ်းတို့ပါတဲ့ လေယာဉ်တင် သဘောၤ ပုံစံက အရင် ဆိုဗီယက်ယူနီယံခေတ် Kuznetsov အမျိုးအစား ကို အခြေခံ ထားတာပါ။

အခု လေယာဉ်တင် သဘောၤက တရုတ်ရေတပ် အတွက် ဒုတိယမြောက် သဘောၤ ဖြစ်ပါတယ်။ ပထမဆုံး လေယာဉ်တင် သဘောၤ Liaoning ကိုတော့ ယူကရိန်းနိုင်ငံက အဟောင်းကို ဝယ်၊ ပြည်တွင်းမှာ ပြန်ပြင်ပြီး ၂၀၁၂ ခုနှစ်မှာ စပြီး တာဝန်ပေးအပ်ခဲ့တာပါ။ ရေတပ်မှာ သုံးတဲ့ သဘောၤ အရေအတွက် အရ တရုတ်ဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး ရေတပ် ဖြစ်ပေမယ်လို့ နည်းပညာနဲ့ တိုက်ခိုက်မှု စွမ်းရည်မှာတော့ အမေရိကန်ရဲ့ နောက်မှာအတော်လေး ပြတ်ကျန်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG