သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဂါဇာမှာ ဗုံး ၅ လုံးပေါက်ကွဲ


ဂါဇာဗုံးပေါက်ကွဲမှု

ဂါဇာဒေသမှာ ဒီကနေ့ အနည်းဆုံး ဗုံး ၅ လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီကနေ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက်ပိုင်း ဗုံးပေါက်ကွဲမှုတွေကြောင့် လူတဦး ဒဏ်ရာရတယ်လို့လည်း ပြောဆိုနေကြပါတယ်။ ပေါက်ကွဲသံတွေကို ဗွီအိုအေ သတင်းထောက် ကြားခဲ့ရပြီး မကြာခင် မိနစ်ပိုင်း အတွင်းမှာဘဲ အရေးပေါ်ကားတချို့လည်း လမ်းပေါ်မှာ အပြေးအလွှား သွားလာနေကြပါတယ်။ Hamas တို့ရဲ့ အဆောက်အအုံတွေ အားလုံးကို ပစ်မှတ်ထားတာလို့ ဒေသခံတွေက ယူဆနေကြပါတယ်။

အစ္စရေးနဲ့ နယ်စပ် ဂါဇာဘက်ခြမ်းမှာ ဒီသတင်းပတ် လူထု ဆန္ဒပြမှုတွေ အတွင်း လူပေါင်း ၆၀ သေဆုံး ၂၇၀၀ ဒဏ်ရာရခဲ့ပြီးနောက် အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ သေဆုံးသူတွေထဲက ၅၀ က Hamas အဖွဲ့ဝင်တွေ ဖြစ်ပြီး အရပ်သား ၁၂ ဦး သေဆုံးတဲ့ အထဲမှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ Hamas တာဝန်ရှိသူ တဦးက မနေ့ ဗုဒ္ဓဟူးနေ့က ပြောဆိုထားပါတယ်။ တလကျော်ကြာ ဌာနေပြန်ရေး အတွက် ချီတက်မှုက ဂျေရုစလင်မှာ အမေရိကန် သံရုံးဖွင့်တဲ့ ပြီးခဲ့တဲ့ တနလာင်္နေ့ကတော့ အဆိုးရွားဆုံး ဖြစ်ခဲ့တာပါ။

အစ္စရေးလ်တပ်ဖွဲ့တွေက ဆန္ဒပြလူအုပ်ထဲကို သေနတ်တွေနဲ့ ပစ်ခတ်၊ နယ်စပ်ကိုကျော်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့လည်း ကျဲချခဲ့တာပါ။ မူဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်လက ကြာသပတေးနေ့မှာ စတင်ချိန်မှာဘဲ ဆန္ဒပြသူတွေကတော့ ဆက်ပြီး လှုပ်ရှားကြဖို့ ပြောဆိုနေကြပါတယ်။ သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေတွေ အတွင်း အခြေအနေတွေ ပိုပြီး ဆိုးရွားလာမှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အထူးစည်းဝေးဖို့ ရှိနေပါတယ်။

XS
SM
MD
LG