သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပိတ်မိနေတဲ့ ထိုင်းလူငယ်လေးဦး ကယ်တင်ခဲ့ပြီ


ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကျောင်းသားလေး ၁၂ ဦးနဲ့ နည်းပြတဦးပေါင်း ၁၃ ဦး ကို ကယ်ဆယ်နိုင်ဖို့ အတွက် ထိုင်းရေတပ်တပ်ဖွဲနဲ့ နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ပြီး ဒီကနေ့မှာ ကယ်ထုတ်ခဲ့ရာမှာ ကလေး ၄ဦးကယ်ထုတ်နိုင်ပြီလို့ ထိုင်းရေတပ်ကအတည်ပြုပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်

ဇွန်လ ၂၃ရက်နေ့ ကတည်း ကျောက်လှိုင်ဂူထဲကိုဝင်သွားပြီး ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းဝင် ၁၃ဦးကို ဇူလိုင်လ၈ ရက်နေ့မှာ အပြင်ကိုကယ်ထုတ်ဖို့အတွက် ထိုင်းရေတပ်နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးတွေကို စတင်လုပ်ဆောင်ခဲ့တာ ပါ ညနေပိုင်းထိုင်းစံတော်ချိန် ၈နာရီခွဲလောက်အထိတော့ အပြင်ကို ကလေး ၄ယောက် ကယ်ဆယ်နိုင်ခဲ့ပြိးဖြစ်ကြောင်း ထိုင်းရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒိအခြေအနေကို ထိုင်းအမျိုးသမီးတဦးက ရှင်းပြပါတယ်။

" ပထမကလေးက ဟယ်လီကော်ပတာနဲ့ တက်သွားတာပထမ တစီးမှာနှစ်ယောက် နောက်ရဟတ်ယာဉ်မှာက တယောက်ပဲတက်သွားတယ်။ နံပါတ် ၃တယောက်ပေါ့ နံပါတ်လေး တယောက်ကလည်း ကားနဲ့သွားရတယ် ညပိုင်းမှာဆိုတော့ ရဟတ်ယာဉ်နဲ့ ဆို မိုးရွာတော့သိပ်မကောင်းဘူး အခြေအနေသိပ်မကောင်းဘူးပေါ့နော် အဲဒါကြောင့်နံပါတ် ၄တယောက်က ကားနဲ့ သွားရတယ် ဆေးရုံကို သွားဖို့က ကီလို ၇၀ကျော်သွားရမယ် နံပါတ် ၄ကလေးကတော့ ၁၀နာရီကျော်မှ ဆေးရုံကိုရောက်မယ်"

ဒီကလေးတွေ ဟာဂူအတွင်းမှာ ပိတ်မိနေတာ ၂ပတ်ကျော်လာပြိးတဲ့နောက်မှာတော့ ဂူထဲမှာ အောက်စီဂျင်ရ၇ှိမူ နည်းလာတဲ့အတွက် သူတို့ ရဲ့ ကျန်းမာရေးတွေလည်း တဖြည်းဖြည်းထိခိုက်မူတွေရှိလာတာပါ။ ဒီအတွက် ကယ်ဆယ်ရေးတွေရဲ့ နောက်ဆုံးနည်းလမ်းအရ တဦးချင်းဆီးကို ရေငုတ်သမားတွေ ကတွဲခေါ်ပြီး ကယ်ဆယ်ဖို့ အတွက်လုပ်ဆောင်နေမှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲက ဒီကနေ့မှာ ကြေညာခဲ့ပါတယ် ။

မဲဆိုင်မြို့ ကျောက်လှိုင်ဂူအတွင်းမှာ ပိတ်မိနေတဲ့ကလေးတွေကို ကယ်ဆယ်ရင်းနဲ့ ဇူလိုင်လ ၆ရက်နေ့ ကတော့ ရေတပ် တပ်ကြပ်ကြီးတဦး ဟာရေငုတ်ရင်းနဲ့ အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။

ကယ်ထုတ်လာတဲ့ ကလေးတဦးချင်းဆီကို ဂူရှေ့က အရေးပေါ်ဆေးရုံမှာ ခေတ္တထားပြီး ကျန်းမာရေးစောင့် ရှောက်မူတွေကို ချက်ချင်းပေးသလို့ အဲဒီကနေတဆင့် ရဟတ်ယာဉ်နဲ့ ချင်း၇ိုင်ဆေးရုံကြီးမှာအရေးပေါ်ကုသပေးမူတွေဆက်လုပ်နေတာပါ။ ထိုင်းရေတပ်ကတော့ အခုချိန်ထိ အပြင်ေ၇ာက်တာ ၄ဦးရှိပြီလို့ အတည်ပြုခဲ့ပါတယ်။

နောက်ဆုံးသတင်းအရ ကယ်ဆယ်ရေး လုပ်ရာမှာအသုံးပြုရတဲ့အောင်စီဂျင်ဘူးတွေ လိုအပ်နေတာကြောင့် ဒီညမှာ တော့ ၄ယောက်ထိပဲ ကယ်ဆယ်နိုင်အုန်းမှာဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ထိုင်းဘုရင် ပြောေ၇းဆိုခွင့်ပေးထားတဲ့ ချင်းရိုင်ခရိုင်အုပ်ချုပ်ေ၇းမှူးဟောင်းက အတည်ပြုပြေားကြားလိုက်ပါတယ်။

XS
SM
MD
LG