သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဘယ်လ်ဂျီယမ် တတိယဆုရ


ကမ္ဘာ့ဖလား တတိယနေရာအတွက် ဘယ်လ်ဂျီယမ် နဲ့ အင်္ဂလန်ပွဲ၊ ဇူလိုင် ၁၄၊ ၂၀၁၈။
ကမ္ဘာ့ဖလား တတိယနေရာအတွက် ဘယ်လ်ဂျီယမ် နဲ့ အင်္ဂလန်ပွဲ၊ ဇူလိုင် ၁၄၊ ၂၀၁၈။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တတိယနေရာအတွက် ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်တို့ ဒီကနေ့ ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားတာမှာ ပထမပိုင်း ၃ မိနစ်ကျော်မှာပဲ ဘယ်လ်ဂျီယံက ပထမဂိုးရပြီး ၈၁ မိနစ်မှာ ဘယ်လ်ဂျီယမ်ကပဲ နောက်ထပ် တဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ၂ ဂိုး ဂိုးမရှိနဲ့ တတိယ နေရာ ရသွားပါတယ်။

ဆီမီးဖိုင်နယ်လ်ပွဲတွေမှာ ဘယ်လ်ဂျီယမ်ဟာ ပြင်သစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး အင်္ဂလန်ကလည်း ခရိုအေးရှားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားကြောင့် သူတို့နှစ်သင်း တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန်တို့ဟာ အုပ်စု G မှာ အတူတူပါပြီး အုပ်စုအဆင့်မှာတုန်းက ဘယ်လ်ဂျီယမ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထား ပါတယ်။ အုပ်စုအဆင့် တခြားအသင်းတွေနဲ့ပွဲတွေမှာ ဘယ်လ်ဂျီယမ်အသင်းဟာ တူနီးရှားကို ၅ ဂိုး ၂ ဂိုး၊ သုံးပွဲပြတ်အနိုင်ရပြီး ရမှတ် ၉ မှတ် အုပ်စုပထမနဲ့ ကွာတားဖိုင်နယ်လ်ကို တက်ပါတယ်။ ကွာတားဖိုင်နယ်လ်မှာ ဘရာဇီးလ်ကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်လ်အဆင့်ထိ ရောက်တာပါ။

အင်္ဂလန်ကတော့ အုပ်စုအဆင့်မှာ ဘယ်လ်ဂျီယမ်ကိုရှုံးပြီး ပနားမားကို ၆ ဂိုး ၁ ဂိုးနဲ့နိုင်၊ ၆ မှတ် အုပ်စုဒုတိယနဲ့ ကွာတားဖိုင်နယ်လ်ရောက်ပါတယ်။ ကွာတားအဆင့်မှာ ဆွီဒင်ကို ၂ ဂိုးပြတ်နဲ့နိုင်ပြီး ဆီမီးတက်ထားတာပါ။

XS
SM
MD
LG