သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်နီးချင်းတရုတ်နဲ့ မြန်မာ့ငြိမ်းချမ်းရေး (အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်း)


Myanmar China
Myanmar China

ဇူလှိုင် ၁၇၊ ၂၀၁၈။ တရုတ်နယ်စပ်မှာ အခြေစိုက်ကျတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး စတဲ့ လက်ရှိမှာ စစ်ရေးအားကောင်းတဲ့ အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဟာ အခု ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကာလမှာ မြန်မာ့ထိပ်သီးခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံနိုင်ခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့ နေပြည်တော်ရောက်လာအောင် ညှိုနှိုင်းဆောင်ရွက်မှုမှာ အိမ်နီးချင်းတရုတ်နိုင်ငံဟာ အခန်းကဏ္ဍတရပ်အနေနဲ့ ပါဝင်လာပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံဟာ ဘယ်လောက်အထိ သြဇာသက်ရောက်လာပါသလဲ၊ ငြိမ်းချမ်းရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေကရော တရုတ်နိုင်ငံသြဇာ တရုတ်နိုင်ငံရဲ့ တတ်တတ်ကြွကြွပါဝင်မှုကို ဘယ်လောက် လိုလားကြပါသလဲ။ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာငြိမ်းချမ်းရေးပတ်သက်မှုအခြေအနေကို အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာဆွေးနွေးထားပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် စောင့်ကြည့်လေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးနဲ့၊ Myanmar Quarterly ဂျာနယ် အယ်ဒီတာလည်းဖြစ် မူဝါဒနဲ့မဟာဗျူဟာလေ့လာရေးအဖွဲ့ ဒု ညွန်ကြားရေးမှုးလည်းဖြစ်သူ ကိုနေထွန်းနိုင်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။ နှစ်ဦးစလုံးဟာ တတိယအကြိမ် ၂၁ ပင်လုံငြိမ်းချမ်းရေးညီလာခံ တတ်ရောက်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG