သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကသုံး အီဒီယံအသုံးအနှုန်းများ


 Three of U.S. President Donald Trump's eight border wall prototypes are shown near completion along U.S.- Mexico border in San Diego, California, Oct. 23, 2017.
Three of U.S. President Donald Trump's eight border wall prototypes are shown near completion along U.S.- Mexico border in San Diego, California, Oct. 23, 2017.
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Mend fences, The ball is in your court နဲ့ Come out swinging တို့ကို တင်ပြပေးထားပါတယ်။

(၁) Mend fences

Mend (ပျက်တာကို ပြန်ပြင်တာ)၊ Fences (ခြံစည်းရိုးတွေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပျက်နေတဲ့ ခြံစည်းရိုးတွေကို ပြန်ပြင်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က မတည့်တဲ့လူ၊ ရန်ဖြစ်ထားတဲ့လူ၊ စကားများထားတဲ့ လူနှစ်ဦးကြား ပြန်ကြေအေးတာကို ဆိုလိုပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်ကောင်းလာအောင် လုပ်တာ။ ငြိမ်းချမ်းရေးရအောင်လုပ်တာ။ ကျမတို့ မြန်မာစကားအရဆိုရင်တော့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အခဲမကြေမှုတွေကို သင်ပုန်းချေတာ ၊ ယုံကြည်မှု ပြန်တည်ဆောက်တာမျိုးလို့ ဆိုလိုနိုင်ပါတယ်။ ဒီအသုံးကို မကြာသေးမီကဥရောပခရီးစဉ်အတွင်း အမေရိကန်သမ္မတ Donald Trump က Brussels မှာရောက်ရှိစဉ် NATO မဟာမိတ်အဖွဲ့ဝင်တွေကို စစ်အသုံးစရိတ်နဲ့ ပတ်သက်လို့ ဝေဖန်တာ၊ ဗြိတိန်ကိုလည်း ဥရောပသမဂ္ဂကထွက်တဲ့ Brexit နဲ့ ပတ်သက်လို့ ဝေဖန်တာ၊ ဝန်ကြီးချုပ် Theresa May ရဲ့ အရည်အချင်း ကိုလဲထိခိုက် စေတဲ့ပြောဆိုမှုတွေလုပ်ခဲ့ဲံတဲ့အတွက် ၊ နှစ်နိုင်ငံခေါင်းဆောင်ကြားတင်းမာမှုတွေ ရှိခဲ့ရာမှာ Trump ဗြိတိန်ကို သွားရောက်လည်ပတ်ချိန်မှာတော့ သူတို့နှစ်ဦးအကြား ဆက်ဆံရေး ပြန်ပြေလည်စေဖို့ ကြိုးပမ်းခဲ့တဲ့အတွက်ကြောင့် Christian Today သတင်းစာကြီးက Trump and May struggle to mend fences after President's attack ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Mary and her friend are trying to “mend fences” after their big fight.

Mary နဲ့ သူ့သူငယ်ချင်းကြား အကြီးအကျယ် ရန်ဖြစ်ခဲ့ပြီးနောက် ကြေအေးဖို့ ကြိုးစားနေကြတယ်။.

(၂) The ball is in your court

The ball (ဘောလုံး)၊ is (ရှိတာ)၊ in your court (သင့်ဘက်က ကစားကွင်းအတွင်းမှာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးဟာ သင့်ကစားကွင်းဘက် ရောက်နေတာ ဖြစ်ပါတယ်။ ဒီအသုံးက Tennis ကစားနည်းက ဆင်းသက်လာတာပါ။ Tennis ရိုက်ရာမှာတဘက်က ရိုက်လိုက်တဲ့ဘောလုံး ကိုယ့်ဘက်ရောက်လာရင်ဘော်လုံးကိုပြန်ရိုက်နိုင်ဖို့က ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က နေ့စဉ်ဘဝမှာ တဘက်ကတခုခု လုပ်ပေးလိုက်တာကိုပြန်တုံ့ပြန်ဖို့က ကိုယ့်အလှည့်ဖြစ်တာကိုဆိုလိုပါတယ်။တနည်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကိုယ့်အပေးမှာတည်တာဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ Helsinki မှာ တွေ့ဆုံကြပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ကမ္ဘာ့ဖလားဘောလုံးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ရုရှားကို သမ္မတ Trump က ချီးကျူးခဲ့ရာမှာ Putin ကလည်း အမှတ်တရအဖြစ် ကမ္ဘာ့ဖလား ဘောလုံးတလုံးကို ပြန်လက်ဆောင်ပေးရင်းနဲ့ The ball is in your court လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ သူဆိုလိုတာကတော့ ၂၀၂၆ ခုနှစ်မှာ အမေရိကန်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမှာမို့ အောင်မြင်အောင် လုပ်ဆောင်ဖို့က အမေရိကန်ရဲ့ အလှည့်ကျပြီဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးနဲ့ ပတ်သက်လို့ Fox News သတင်းစာမှာ Putin gives Trump a World Cup soccer ball, tells him 'now the ball is in your court' လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

I offered more than the asking sales price for his house. Now, the ball is “in his court”.

ကျနော်က သူရောင်းမဲ့အိမ်ရဲ့တောင်းဈေးထက် ပိုပြီးပေးထားတယ်။ ကျနော့်ကမ်းလှမ်းချက်ကို တုံ့ပြန်ဖို့ကသူ့တာဝန်ဖြစ်တယ်။

(၃) Come out swinging

Come out (အပြင်ကိုထွက်လာတာ)၊ swinging (လွှဲတာ၊ ယိမ်းတာ) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကလွှဲပြီး၊ ယိမ်းပြီး အပြင်ကိုထွက်လာတာ ဖြစ်ပါတယ်။ ဒီအသုံးက လက်ဝှေ့ပွဲတွေမှာ ယှဉ်ပြိုင်ထိုးသတ်ကြတဲ့ လက်ဝှေ့သမားနှစ်ဦးအနေနဲ့ ပွဲအစ ကြိုးဝိုင်းထဲအဝင်မှာ လက်သီးကိုလက်ဝှေ့ထိုးဖို့ ဟန်တပြင်ပြင်နဲ့ ကြိုးဝိုင်းအလယ်ထဲ ဝင်လာတဲ့ ပုံရိပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ရန်ဖြစ်ဖို့ ဟန်ပြင်လာတာ၊ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် မောင်းတင်လာတာ။ ကျမတို့ မြန်မာမှာတော့ လက်သီးလက်မောင်းတန်းပြီး ထွက်လာတာမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို ပြီးခဲ့တဲ့ သတင်းတပတ်က Helsinki မှာ ကျင်းပခဲ့တဲ့ NATO ထိပ်သီးညီလာခံမှာ Trump က စစ်အသုံးစရိတ် ထည့်ဝင်မှုနဲ့ ပတ်သက်လို့ NATO အဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အပြင် Germany ဝန်ကြီးချုပ် Angela Merkel ကိုလည်း ရုရှားရဲ့ ရေနံလောင်းရိပ်အောက်မှာ ရောက်နေပြီဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အတွက်ကြောင့် The Politico သတင်းစာမှာ Trump comes out swinging at NATO summit လို့ ရေးသားခဲ့ပါတယ်။

ဥပမာ

The opposition party’s candidate “came out swinging” to deny the reports of corruption.

အတိုက်အခံပါတီ ကိုယ်စားလှယ်လောင်းက သူအဂတိလိုက်စားတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုဖို့အတွက် လက်သီးလက်မောင်းတန်းပြီး ထွက်လာခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက Mend fences, The ball is in your court နဲ့ Come out swinging တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG