သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုရှေ့နေ့ချုပ်ကို အရေးယူဖို့ Republican အမတ်တွေကြိုးစား


ဒုတိယရှေ့နေချုပ် Rod Rosenstein
ဒုတိယရှေ့နေချုပ် Rod Rosenstein

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုကို အထူးစုံစမ်းစစ်ဆေးရေးမှူးက ဖော်ထုတ်နေတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ တင်ပြဖို့ ပျက်ကွက်မှု၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ပျက်ကွက်မှု စွပ်စွဲချက်တွေနဲ့ ဒုတိယရှေ့နေချုပ် Rod Rosenstein ကို အရေးယူနိုင်ဖို့ အောက်လွှတ်တော်မှာရှိတဲ့ ရီပတ်ဘလစ်ကန် အမတ်တချို့က မနေ့ကစတင် ကြိုးပမ်းခဲ့ကြပါတယ်။

ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေကိုတော့ ရှေ့နေချုပ် Jeff Sessions ဘေးထွက်ပေးခဲ့ပြီးနောက်မှာပဲ Rosenstein က တာဝန်ယူထားတာပါ။ ဒုတိယ ရှေ့နေချုပ်ကတော့ အထူးစုံစမ်းစစ်ဆေးရေးမှူးအဖြစ် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) အကြီးအကဲဟောင်း Robert Mueller ကို တာဝန်ပေးခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုတွေအတွင်း သမ္မတ Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့ဝင်တွေ အပါအဝင် လူပေါင်း ၃၂ ယောက်ကိုလည်း တရားစွဲဆို အရေးယူခဲ့ပါတယ်။

သမ္မတ Trump နဲ့ မဟာမိတ်တွေကတော့ ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေဟာ နိုင်ငံရေးအရ ထိုးနှက်မှုအဖြစ် ထပ်တလဲလဲ ပယ်ချပြောဆိုထားသလို၊ ၂၀၁၆ ရွေးကောက်ပွဲမှာ စည်းရုံးရေးအဖွဲ့ဟာ ရုရှားနဲ့ ပတ်သက်ဆက်နွယ်မှု မရှိကြောင်းလည်း ငြင်းဆန်ထားတာပါ။ တရားရေးဌာနဟာ လွှတ်တော်ကို သတင်းအချက်အလက်တွေ မပေးပဲထိန်ချန်ထားပြီး၊ ကွန်ဂရက်က ဆင့်ခေါ်တာကို ငြင်းဆန်တာ အပါအဝင် လွှတ်တော်ရဲ့ လုပ်ငန်းတွေကိုလည်း အဟန့်အတား လုပ်နေတဲ့အကြောင်း ဒုတိယရှေ့နေချုပ်ကို အရေးယူဖို့ ကြိုးပမ်းမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Mark Meadows က Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG