သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗဟိုဘဏ်ဥက္ကဌကို နောက်ထပ်ငါးနှစ်သက်တန်းတိုးခန့်အပ်


့ပြည်ထောင်စုလွှတ်တော်

ဗဟိုဘဏ်ဥက္ကဋ္ဌအနေနဲ့ သက်တမ်းပြည့်တော့မှာဖြစ်တဲ့ ဦးကျော်ကျော် မောင်ကို နောက်ထပ်သက်တမ်းငါးနှစ် ထပ်မံ တာဝန်ထမ်းဆောင်စေဖို့ သမ္မတက တာဝန်ပေးမှူနဲ့ပတ်သတ်ပြီး ဝေဖန်မှူတွေထွက်ပေါ်လျက်ရှိပါတယ်။ အပြောင်းအလဲ တခု ဖြစ်လာဖို့ အများစုက မျှော်လင့်နေကြတာပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းကမေခ ကတင်ပြထားပါတယ်။

ဒီကနေ့ပြည်ထောင်စုလွှတ်တော်ကို ဗဟိုဘဏ် ဥက္ကဌ သစ်ရာထူးကို လက်ရှိ ဥက္ကဌကို ဆက်လက်ပေးမယ်လို့ သမ္မတက အသိပေးခဲ့ပါ။

"လှစ်လပ်လာမယ့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရာထူးနေရာတွင် ခန့်အပ်နိုင်ရန် ဗဟိုဘဏ်ဥပဒေပြဌာန်းချက်ပါ အရည်အချင်းနဲ့ ကိုက်ညီသော ဦးကျော်ကျော်မောင် အားခန့်အပ်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်ရေးအကျဉ်းနဲ့တကွတင်ပြအပ်ပါ တယ်"

ဒီလို အသိပေးပြီးနောက်မှာတော့ မကြာခင်ခန့်အပ်နိုင်ဖို့ ကိုယ်စားလှယ်တွေ အတည်ပြု ပေးတော့မှာဖြစ်ပါတယ်။

ဒီလိုလွှတ်တော်မှာတင်ပြပြီး နာရီပိုင်းခန့်မှာပင် လူမှုကွန်ယက်ပေါ်မှာ အခုလိုပြန်ခန့် အပ်တဲ့အပေါ်ဝေဖန်သံတွေ ဆူခဲ့ပါတယ်။ ဗဟိုဘဏ်ဥက္ကဌအနေနဲ့ ဘဏ်လုပ် ငန်းဆိုင်ရာပညာရှင် တဦးဖြစ်ပေမယ့် ထင်သလောက် စွမ်းဆောင်နိုင်မှူ ပြသနိုင်တာမရှိ ခဲ့တာကြောင့် အပြောင်းအလဲဖြစ်ဖို့ အများစုက မျှော်လင့်ထားတာပါ။

ဦးကျော်ကျော်မောင်ရဲ့ ငါးနှစ်သက်တမ်းဟာ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ပြည့်မှာ ဖြစ်ပါတယ်။

သူတာဝန်ယူခဲ့တဲ့ သက်တမ်းအတွင်း မြင်သာစေမယ့် အပြောင်းအလဲ လုပ်ဆောင်နိုင် ခဲ့တာ နည်းတာကြောင့် သူ့ကို လူကြိုက်နည်းပါတယ်။ တရားဝင် နိုင်ငံခြားငွေလဲနှုန်းပိုင်း ကိုင်တွယ်မှု အားနည်းတာ၊ လုပ်ကိုင်ဆောင်ရွက်တာမှာ အရင် တပ်မတော်အုပ်ချုပ်စဉ် နည်းလမ်းအတိုင်းလုပ်ဆောင်မှုတွေ ရှိတာကြောင့် သူ့ကို ဝေဖန်မှုရှိနေခဲ့တာဖြစ်ပါတယ်။

ဘဏ်စနစ်အပြင် ပြည်တွင်းငွေကြေးစီးဆင်းမှု အပြောင်းအလဲတွေ ဖြစ်ပေါ်စေချင်တဲ့ သူ တွေအတွက် သမ္မတထုတ်ပြန်ချက်က စိတ်ပျက်စေတယ်လို့ ဘဏ်လုပ်ငန်းရှင် ဦးဖေမြင့် ကဆိုပါတယ်။

"ကျတော်တို့ကတော့အပြောင်းအလဲလုပ်ချင်တာပေါ့။ ဘောလုံးကစားတာနဲ့ ဆိုရင် တွန်းတွန်းတိုက်တိုက် ဖြစ်ချင်တာပေါ့။ အခုကကျတော်တို့က အလှကစားတဲ့ပုံမျိုးဖြစ်နေ တယ်။ ပြည်သူတွေက တွန်းတွန်းတိုက်တိုက်နဲ့အပြောင်းအလဲကိုလိုချင်တာ အခုကပုံသေနည်းနဲ့ကြည့်လဲ ပွဲကမလှတော့ဘူးပေါ့"

နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူ ဦးမင်းခင်ကတော့

" မှန်ကန်တဲ့ရွေးချယ်မှုလို့ပြောရခက်တယ်။ ပြည်တွင်းကကော ပြည်ပကကော ဒီနေရာအပြောင်းအလဲ ရှိလာဖို့လိုလားနေကြတာ။ သူကပညာရှင်ဖြစ်ပေမယ့် သူလုပ် ဆောင်ချက်တွေကပြောစရာရှိခဲ့တာ အမှန်ဘဲ.။ ပြီးခဲ့တဲ့ အတိုင်းဘဲသွားနေမယ်ဆိုရင် တော့ ဗဟိုဘဏ်ကဏ္ဍ အားနည်းနေဦးမှာဘဲ"

ဦးကျော်ကျော်မောင် ဟာ အရင်တပ်မတော်အုပ်ချုပ်စဉ်ကာလ ၁၉ ၉ ၇ကနေ ၂၀၀၇ ခုနှစ် အထိ ဒီရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ဦးသိန်းစိန် အစိုးရ တုန်းက သူကို ဒီရာထူးပြန်ပေးခဲ့တာဖြစ်ပြီး လက်ရှိ NLD အစိုးရကလည်းထပ်မံတာဝန် ပေးရင် သူဟာဒီရာထူးတာဝန်ကို နှစ် ၂၀ရယူနိုင်ခဲ့သူဖြစ်လာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG