သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကြားဖြတ်ရွေးကောက်ပွဲ လွှမ်းမိုးဖို့ ကြိုးပမ်းတဲ့ Facebook အကောင့်တွေ အပိတ်ခံရ


Facebook နယူးယောက်။
Facebook နယူးယောက်။

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မှာ မဲပေးကြမယ့် အမေရိကန်ပြည်သူတွေ အပေါ် လွှမ်းမိုးဖို့ စတင်လုပ်ဆောင်နေပုံ တွေ့ရပါတယ်။ ဒါပေမယ့် ဒီ မကြာသေးခင်ကမှ တွေ့ရှိခဲ့တဲ့ ဒီလှုပ်ရှားမှုတွေ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်နေတယ်ဆိုတာ အတိအကျပြောဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အစိုးရ အရာရှိတွေက ထုတ်ဖေါ်ပြောဆိုဖို့ တုန့်နှေးနေကြပါတယ်။

ဖေ့စ်ဘုတ်အကောင့် နဲ့ Instagram အကောင့် ပေါင်း ၃၂ ခုမှာ ပုံမှန်မဟုတ်တဲ့ ညှိနှိုင်းလုပ်ဆောင်မှုတွေတွေ့နေရတဲ့ အတွက် ပိတ်ပစ်ခဲ့ကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာပါတယ်။

ဖေ့စ်ဘုတ် လူမှု မီဒီယာ ကုမ္ပဏီက ကြေညာရာမှာ ၂၀၁၇ မတ်လ အစောဆုံး ဖွင့်ခဲ့ကြတဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ၈ ခု၊ ဖေ့စ်ဘုတ် ပရိုဖိုင်း ၁၇ ခုနဲ့ Instagram အကောင့် ၇ ခုတို့ကို ပိတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီအကောင့်တွေကနေ အမေရိကန်ဒေါ်လာ ၁၁ ၀၀၀ လောက် တန်ဖိုးရှိတဲ့ ကြော်ငြာ ၁၅၀ လောက်ကို အမေရိကန် ဒေါ်လာနဲ့ ကနေဒါ ငွေတွေနဲ့ ပေးခဲ့တယ်လို့ ပြောပါတယ်။

အခုအချိန်မှာ သူတို့ရဲ့ စုံစမ်း စစ်ဆေးမှု အစပိုင်း ပဲ ရှိနေသေးတာမို့ နောက်ကွယ်မှာ ဘယ်သူပါဝင် ပတ်သက်နေတယ် ဆိုတာ အပါအဝင် အသေးစိတ်တွေကို အတိအကျ သိပ်မသိရသေးကြောင်း လည်း ဖေ့စ်ဘုတ်က သူ့ရဲ့ ဘလော့မှာ ရေးပါတယ်။

ဒါပေမယ့် ဒီအကောင့် ဖွင့်ခဲ့တဲ့ သူတွေဟာ အရင် ရုရှား အခြေစိုက် အင်တာနက်အဖွဲ့ဖြစ်တဲ့ IRA လုပ်ခဲ့တာထက် ပိုပြီး သူတို့ရဲ့ အသွင် အမှန်ကို ဖုံးကွယ်ထားနိုင်တယ်လို့လည်း ဖေ့စ်ဘုတ်က ပြောပါတယ်။

ဒီအကောင့် အတုတွေကို ကြည့်ရှုတဲ့ အကောင့် က အနဲဆုံး ၂၉၀ ၀၀၀ လောက်ရှိနေပြီး အများစုဟာ လက်ယာယိမ်း အမေရိကန် လူမှု အဖွဲ့အစည်းနဲ့ အစွန်းရောက် လက်ဝဲယိမ်းတို့ကြား ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်အောင် ပစ်မှတ်ထား ကြိုးပမ်းနေပုံ ရတယ်လို့လည်း Atlantic Council Digital မှုခင်း သုတေသန အဖွဲ့ရဲ့ သုံးသပ်ချက်မှာ ဖေါ်ပြထားပါတယ်။

Facebook
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG