သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“နေ” ကိုအနီးကပ်လေ့လာမယ့် ယာဉ်ငယ် NASA လွှတ်တင်


အမေရိကန် အာကာသ သိပ္ပံအေဂျင်စီ NASA ရဲ့ သမိုင်းဝင် ခရီစဉ် အဖြစ်နဲ့ နေ ရဲ့ အနီးကို ကပ်ဖို့ အာကသယာဉ် တစီးကို ဒီကနေ့ လွှတ်တင်လိုက်ပါပြီ။ ဒီကနေ့ တနင်္ဂနွေနေ့ မနက် အစောပိုင်းမှာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Cape Canaveral အငူကနေ Parker Solar Probe - အာကသစူးစမ်းရေးယာဉ်ကို လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။

သမိုင်းမှာ ရှိခဲ့တဲ့ အာကာသယာဉ်တွေ ထက်ပိုပြီး နေ ရဲ့ ဝန်းကျင်ကို ကပ်နိုင်ဖို့ အခုခရီးစဉ်က ရည်မှန်းထားတာပါ။ အခု လွှတ်တင်လိုက်တဲ့ အာကာသ စူးစမ်းရေးယာဉ်ရဲ့ အရွယ်အစားကတော့ ကားအသေးတစင်းစာလောက်ရှိပြီး ပေါင်ချိန် ၁၄၀၀ ရှိပါတယ်။ တနာရီကို မိုင်ပေါင်း ၄ သိန်း ၃ သောင်း အရှိန်နဲ့ သွားမှာ ဖြစ်ပြီး သမိုင်းမှာ အရှိန်အမြန်ဆုံး အာကာသယာဉ်လည်း ဖြစ်သွားစေပါတယ်။ ဒီအရှိန်က ဘယ်လောက် မြန်သလဲ ဆိုရင် မိုင် ၁၄၀ လောက်ဝေးတဲ့ အမေရိကန် ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားကနေ ဝါရှင်တန် ဒီစီကို တစက္ကန့်နဲ့ ရောက်နိုင်တဲ့နှုန်းဖြစ်ပါတယ်။

အမေရိကန် အာကာသ သိပ္ပံအေဂျင်စီ NASA က လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက နေ ရဲ့ ဝန်းကျင်ကို အာကသစူးစမ်းရေးယာဉ် လွှတ်တင် လိုခဲ့တာပါ။ ဒါပေမယ့် နေရဲ့ အပူရှိန်ကနေ အာကာသယာဉ်ကို ကာကွယ်ပေးနိုင်မယ့် နည်းပညာ မရှိ ဖြစ်ခဲ့ပါတယ်။ အခု Parker Solar အာကာသစူးစမ်းရေးယာဉ်က သက်ရှိထင်ရှား လူပုဂ္ဂိုလ် တဦးရဲ့ အမည်ကို ပေးထားတဲ့ ပထမဆုံးသော NASA ရဲ့ မစ်ရှင်လည်း ဖြစ်ပါတယ်။

နေစွမ်းအင်လှိုင်းတွေ တည်ရှိမှုကို ၁၉၅၈ ခုနှစ်တုန်းက ခန့်မှန်းခဲ့တဲ့ ဒေါက်တာ Eugene Parker ရဲ့ အမည်ကို ပေးထားတာ ဖြစ်ပါတယ်။ အခု အာကသစူးစမ်းရေးယာဉ်က နေစက်ဝန်းကို ချဉ်းကပ်သွားရင်တော့ ဒေါက်တာ Parker ခန့်မှန်းခဲ့တဲ့ နေစွမ်းအင်လှိုင်းတွေရဲ့ အရှိန်ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG