သြဂုတ်လ ၁၄၊ ၂၀၁၈။ မနှစ်ကဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန် ခေါ်ယူရေးကိစ္စဟာ မြန်မာနဲ့ -ဘင်္ဂလားဒေ့ရှ်အစိုးရအကြား သဘောတူခဲ့ပေမယ့် လက်တွေ့ဖြစ်မလာသေးပါ။ ဒီ သဘောတူညီချက်အရ ဒုက္ခသည်တွေ ခေါ်ယူရေးအကောင်အထည်ဖော်ဖို့ ဘင်္ဂလားဒေရှ်နိုင်ငံခြားရေးဝန်ကြီး အဲဒီ ဒေသကို လာရောက်လေ့လာခဲ့ပြီဆိုတော့၊ ဒုက္ခသည်တွေနေရပ်ပြန်ရေးအစီအစဉ် ဘယ်လောက်အထိ နီးစပ်လာပြီလဲ၊ ဒေသခံ လူမှုအသိုက်အ၀ိုင်းအားလုံးအတွက် စိန်ခေါ်ချက်တွေ စိုးရိမ်စရာတွေ ဘာတွေရှိနေသလဲ။ အခု အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခင်စောဝေ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီက ဦးတင်ငွေတို့ ပင်တိုင် ပါဝင်ဆွေးနွေးထားကြပါတယ်။