သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ်ဟောင်း Vajpayee ကွယ်လွန်


အိန္ဒိယဝန်ကြီးချုပ်ဟောင်း Vajpayee

အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် သုံးကြိမ် ထမ်းဆောင်ဖူးသူ Atal Bihari Vajpayee ဟာ ကာလတာရှည် မကျန်းမမာ ဖြစ်နေပြီးတဲ့နောက် ကြာသပတေးနေ့က နယူးဒေလီမြို့တော်မှာ ကွယ်လွန်သွားပါပြီ။

Vajpayee ဟာ ကျောက်ကပ်ရောဂါ၊ အသက်ရှုကျပ်တဲ့ရောဂါတွေနဲ့ ဆေးရုံတက် ကုသမှုခံယူနေတာ နှစ်လကျော်ပါပြီ။ သေဆုံး ချိန်မှာ အသက် ၉၃ နှစ်ရှိပြီဖြစ်ပြီး အသက်မဆုံးခင်လေးမှာ အသက်ကယ် ထောက်ကူပြုမှုနဲ့ ခနနေသွားရသေးတယ်ဆိုတဲ့ သတင်း ထွက်ထားပါတယ်။

Bharatiya Janata BJP ပါတီက ဟိန္ဒိူ အမျိုးသားရေးဝါဒီတဦးဖြစ်သူ Vajpayee ဟာ ၁၉၉၆ ခုနှစ်က ၁၃ ရက်ကြာ တကြိမ်၊ ၁၉၉၈ ကနေ ၁၉၉၉ ခုအထိ ၁၁ လကြာ တကြိမ်၊ အဲဒီနောက် ၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ၅ နှစ်သက်တမ်းတကြိမ် စုစုပေါင်း သုံးကြိမ် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ဖူးပါတယ်။

နိုင်ငံရေးသမားလည်းဖြစ်၊ ကဗျာဆရာတဦးလည်းဖြစ်သူ Vajpayee ဟာ ၁၉၈၈ ခုနှစ်က နျူကလီးယားလက်နက် စမ်းသပ်ဖို့ အမိန့်ပေး ခွင့်ပြုခဲ့တာကြောင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ နျူကလီးယားစ်စ ဖြစ်တော့မလားဆိုတဲ့ စိုးရိမ်ချက်တွေ ထွက်ခဲ့ဖူးပါ တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြိုင်ဘက် ပါကစ္စတန်နိုင်ငံကို ဘတ်စ်ကားနဲ့သွားပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစပျိုး လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဝန်ကြီးချုပ်ဟောင်း Vajpayee ကွယ်လွန်သွားတာ ဟာ “အရေးပါတဲ့ ခေတ်ကာလတခု အဆုံးသတ်သွားတာဖြစ်တယ်” လို့ Twitter မှာရေးပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟောင်း Vajpayee ကွယ်လွန်
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG