သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရေးယူမှုနဲ့ သက်ရောက်မှု (တိုက်ရိုက်လေလှိုင်း)


လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်တပ် တပ်ရင်း ၂ ရင်း၊ အရာရှိ ၄ ဦးကို အမေရိကန်အရေးယူ
လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်တပ် တပ်ရင်း ၂ ရင်း၊ အရာရှိ ၄ ဦးကို အမေရိကန်အရေးယူ

သြဂုတ်လ ၂၁၊ ၂၀၁၈။ မြန်မာနိုင်ငံ ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကို အမေရိကန်ပြည်ထောင်စုကနေ ပြီးခဲ့တဲ့သီတင်းပတ် ဒဏ်ခတ်အရေးယူတွေ ပြုလုပ်ခဲ့ပါတယ်။ ဖိအားပေးမှုတွေနဲ့ ဒဏ်ခတ်မှုတွေဟာ အပြောင်းအလဲအတွက် အထောက်အပံ့ဖြစ်စေမှာမဟုတ်ဘူးလို့ ပြောသူတွေရှိသလိုပဲ၊ ဒီလို အရေးယူမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တစုံတရာ အဟန့် ရှိမယ်လို့ ယူဆမှုတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း အမေရိကန်လွှတ်တော်အမတ်အချို့က ဒီထက်ပိုပြီး အရေးယူဖို့ကို နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းခဲ့ကြပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုဟာ ဘယ်လောက်သက်ရောက်မှုရှိပါသလဲ၊ ဘယ်လောက် ထိရောက်မှုရှိပါသလဲ၊ အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်နဲ့ ကချင်လူမှုဖွံဖြိုးရေးကွန်ယက် က ဦးဇော်ဂျက်တို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG