စက်တင်ဘာ ၁၈၊ ၂၀၁၈။ ရန်ကုန်တိုင်းဥပဒေချုပ်အပါအ၀င် တရားရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူလိုက်တဲ့ကိစ္စဟာ NLD အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်မှာ အများစိတ်ဝင်စားမှုဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ ဘယ်လောက်အထိ ထိရောက်အောင်မြင်လာပြီလဲ၊ ဘာတွေ လိုအပ်ချက်ရှိသလဲ စသဖြင့် အင်္ဂါနေ့ ညတိုက်ရိုက်လေလှိုင်းမှာ သုံးသပ်ဆွေးနွေးထားပါတယ်။
ရန်ကုန်တိုင်းလွှတ်တော် မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးလှဌေး၊ စီးပွားရေးပညာရှင် ဦးမင်းခင်နဲ့ တရားမျှတမှုလက်လှမ်းမီရေး အရပ်ဖက်အဖွဲ့အစည်းများကွန်ယက်က ဦးသွင်လင်းအောင်တို့ ပင်တိုင်ဆွေးနွေးထားပါတယ်။